အာဖဂန်နိုင်ငံတွင် ISIS အဖွဲ့ဝင်ဦးရေမှာ အယောက် ၈၀ ထက် မကျော်ပါဟု အာဖဂန်ယာယီ အစိုးရမှ ပြောရေးဆိုခွင့်ရှိသူ ဆို

(GMT+08:00)2024-01-04 15:23:41  

ဇန်နဝါရီလ ၃ရက်နေ့က အာဖဂန်ယာယီအစိုးရမှ ပြောရေးဆိုခွင့်ရှိသူ Zabihullah Mujahid က အာဖဂန်နိုင်ငံရှိ ISIS အစွန်းရောက်အဖွဲ့ကို ပြင်းပြင်းထန်ထန် နှိမ်နင်း တိုက်ဖျက်ခဲ့သည့်အတွက် အာဖဂန်နိုင်ငံတွင် ISIS အဖွဲ့ဝင်ဦးရေမှာ အယောက် ၈၀ ထက် မကျော်ကြောင်း ပြောကြားခဲ့ပါသည်။
    ပြောရေးဆိုခွင့်ရှိသူ Zabihullah Mujahid က အာဖဂန်နိုင်ငံရှိ ISIS အဖွဲ့ကို ပြင်းပြင်းထန်ထန် နှိမ်နင်းတိုက်ဖျက်ခဲ့ရာ ၄င်း၏စခန်းအားလုံးကို ဖျက်ဆီးခဲ့ကြောင်း၊ ကျန်ရှိသော အဖွဲ့ဝင် နည်းပြီး အယောက် ၇၀မှ ၈၀ခန့် အထိသာ ရှိကြောင်း၊ ၄င်းတို့သည် လိုက်လံဖမ်းဆီးမှု ခံနေရသောကြောင့် ထွက်ပြေးတိမ်းရှောင်နေကြကြောင်း အလေးထားပြောကြားခဲ့ ပါသည်။