Kerman မြို့ ဗုံးပေါက်ကွဲမှုကြောင့် လူ ၉၅ ဦးသေဆုံးဟု အီရန် ကျန်းမာရေးဝန်ကြီးက ပြုပြင်ပြောဆို

(GMT+08:00)2024-01-04 12:22:32  

ဒေသစံတော်ချိန် ဇန်နဝါရီလ ၃ ရက်နေ့က Kerman မြို့တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှု ၂ ကြိမ်ကြောင့် လူ ၉၅ ဦး သေဆုံးသွားကြောင်း၊ အရင်က ကြေညာခဲ့သည့် သေဆုံးသူ ဦးရေ ၁၀၃ ဦးမှာ နှစ်ခါရေတွက်မိသည့်အတွက် မှားယွင်းခဲ့ခြင်းဖြစ်ကြောင်း ထိုနေ့ညက အီရန်နိုင်ငံ ကျန်းမာရေးဝန်ကြီး Bahram Eynollahi က အီရန် အမျိုးသား ရုပ်မြင်သံကြားဌာနမှ တစ်ဆင့် ကြေညာခဲ့သည်။

ထို့အပြင် အီရန် သတင်းအေဂျင်စီ IRNA မှ သတင်းအရ အဆိုပါပေါက်ကွဲမှုကြောင့် လူပေါင်း ၂၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။