တိုကျို ဟာနီဒါလေဆိပ်တွင် လေယာဉ်တိုက်မိမှုဖြစ်ပွား

(GMT+08:00)2024-01-03 14:50:21  

ဂျပန် NHK မှ ဇန်နဝါရီလ ၂ရက်နေ့က ထုတ်ပြန်သည့် သတင်းအရ ထိုနေ့တွင် ဂျပန်လေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်တစ်စင်းသည် တိုကျို ဟာနီဒါလေဆိပ်၌ ပင်လယ်လုံခြုံမှု ထိန်းသိမ်းရေးဌာနမှ လေယာဉ်တစ်စင်းနှင့် တိုက်မိခဲ့ရာ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

  ယင်းခရီးသည်တင်လေယာဉ်ပေါ်မှ ခရီးသည် ၃၇၉ ဦးအားလုံးကို ဘေးကင်းစွာ ရွေ့ပြောင်းခဲ့ပြီး ပင်လယ်လုံခြုံမှု ထိန်းသိမ်းရေးဌာနမှ လေယာဉ်ပေါ်ပါ လူ ၆ဦး အနက် ၅ ဦး သေဆုံးခဲ့ကာ လေယာဉ်မှူးက ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပါသည်။

  ဇန်နဝါရီလ ၂ ရက်နေ့ ညက ဂျပန်နိုင်ငံ မြေယာနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး Saito Tetsuo က တိုက်မိမှု အကြောင်းရင်းကို မသိရသေးဘဲ၊ စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။