ယခုနှစ် မတ်လမှ စ၍ ထိုင်းသည် တရုတ်ပြည်အား ဗီဇာကင်းလွတ်ခွင့် ပေးခြင်းနှင့်ပတ်သက်ပြီး တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက သက်ဆိုင်ရာ အစီအစဉ်များ အမြန်ဆုံး သက်ရောက်လာရန် မျှော်လင့်ဟု ဆို

(GMT+08:00)2024-01-03 15:01:56  

ဒေသစံတော်ချိန် ဇန်နဝါရီလ ၂ ရက်နေ့က ထိုင်းဝန်ကြီးချုပ်၊ ဘဏ္ဍာရေးဝန်ကြီး Srettha Thavisinက ထိုင်းနိုင်ငံသည် ၂၀၂၄ ခုနှစ် မတ်လ ၁ ရက်နေ့မှ စ၍ တရုတ် နိုင်ငံသားများအတွက် ဗီဇာကင်းလွတ်ခွင့် မူဝါဒကို ဆောင်ရွက်မည်ဟု ပြောကြားခဲ့သည်။ ၂ ရက်နေ့က ကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က သက်ဆိုင်ရာ အစီအစဉ်များ အမြန်ဆုံး သက်ရောက်လာရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ဝမ်ဝင်ပင်က တရုတ်နှင့် ထိုင်း နှစ်နိုင်ငံကြား ယဉ်ကျေးမှုနှင့် လူမှုရေးဆိုင်ရာ ကူးလူးဖလှယ်မှု တိုးမြင့်လာခြင်းနှင့် အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် ပေးခြင်းသည် နှစ်နိုင်ငံ ပြည်သူများ၏ အခြခံ အကျိုးစီးပွားနှင့် ကိုက်ညီကြောင်း၊ လက်ရှိအချိန်တွင် နှစ်ဖက်မှ တာဝန်ရှိ အစိုးရဌာနများသည် သက်ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးစွာ ဆက်သွယ်နေကြောင်း၊ သက်ဆိုင်ရာ အစီအစဉ်များ အမြန်ဆုံး သက်ရောက်လာရန် မျှော်လင့်ကြောင်း ပြောကြားသည်။