တရုတ်နှင့် အမေရိကန် သံတမန် ဆက်ဆံရေး ထားရှိခဲ့သည့် ၄၅ နှစ် ပြည့်မြောက်ခြင်းနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြောကြား

(GMT+08:00)2024-01-03 14:53:37  

တရုတ်နှင့် အမေရိကန် သံတမန် ဆက်ဆံရေး ထားရှိခဲ့သည့် ၄၅ နှစ် ပြည့်မြောက်ခြင်းနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီလ ၁ ရက်နေ့မှာ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံ သမ္မတ ဘိုင်ဒန်တို့သည် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထားရှိခဲ့သည့် ၄၅ နှစ် ပြည့်မြောက်ခြင်းအတွက် ဂုဏ်ပြုသဝဏ်လွှာများ အပြန်အလှန် ပေးပို့ခဲ့ကြောင်း၊ တရုတ်နှင့် အမေရိကန် ဆက်ဆံမှု တိုးတက်ခြင်းသည် နှစ်နိုင်ငံ ပြည်သူများ၏ ချမ်းသာသုခများကို တိုးမြှင့်သည့်အပြင် နိုင်ငံတကာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း တွန်းအားပေးခဲ့သည်ဟု သမိုင်းဖြစ်ရပ်များက သက်သေပြခဲ့ကြောင်း၊  တရုတ်နိုင်ငံ၏ အမေရိကန်အပေါ်မူဝါဒသည် တစ်လျှောက်လုံး ရှင်းလင်းပြတ်သားကာ ယင်းသည် အပြန်အလှန် လေးစားရေး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးနှင့် အပြန်အလှန် အကျိုးရှိစေသော ပူးပေါင်းဆောင်ရွက်ရေးတို့ ဖြစ်ကြောင်း၊ ယင်းသည် နှစ်နိုင်ငံ ဆက်ဆံရေး လမ်းစဉ်မှ ရရှိခဲ့သည့် အတွေ့အကြုံဖြစ်ပြီး နိုင်ငံကြီး နှစ်နိုင်ငံ ဖြစ်သည့် တရုတ်နှင့် အမေရိကန်တို့၏ မှန်ကန်သော ယှဉ်တွဲနေထိုင်းရေး လမ်းကြောင်းမှန်လည်း ဖြစ်ကာ ခေတ်ဖွံ့ဖြိုးတိုးတက်ရေး ရေစီးကြောင်းနှင့် နှစ်နိုင်ငံ၏ ဘုံအကျိုးစီးပွားနှင့် ကိုက်ညီပါကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။