ဟောင်ကောင် အမိနိုင်ငံရင်ခွင်သို့ပြန်လည်ရောက်ရှိခြင်းအဖြစ်မှန်အပေါ် သက်ဆိုင်ရာနိုင်ငံ များ မှန်ကန်စွာ ရင်ဆိုင်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တိုက်တွန်း

(GMT+08:00)2024-01-03 15:06:21  

မကြာမီက ဗြိတိန်နှင့် အမေရိကန်စသည့်နိုင်ငံများသည် "မီဒီယာလွတ်လပ်ခွင့် မဟာမိတ်" အမည်ဖြင့် ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။  ၄င်းကြေညာချက်တွင် တရုတ်နိုင်ငံနှင့် ပတ်သက်သော အပြောအဆိုနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က သက်ဆိုင်ရာနိုင်ငံများသည် ဟောင်ကောင်၏ သတင်း လွတ်လပ်ခွင့်ကို "မီဒီယာလွတ်လပ်ခွင့်မဟာမိတ်"အမည်ဖြင့် အပုပ်ချပြီး၊ အထူးအုပ်ချုပ် ရေးဒေသအစိုးရ၏ တရားဝင် ဥပဒေစိုးမိုးမှုကို ပုတ်ခတ်ရှုတ်ချကာ၊ Jimmy Lai အပါအဝင် တရုတ်ဆန့်ကျင်သူနှင့် ဟောင်ကောင်ရှုပ်ထွေးအောင် လုပ်ဆောင်သူများအား ထောက်ခံခဲ့ကြောင်း၊ ယင်းအပေါ် မိမိတို့က ပြင်းပြင်းထန်ထန် မကျေမနပ်ဖြစ်ပြီး၊  ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ဖော်ပြပါသည်။