ဂျပန် Ishikawa ခရိုင် Noto ဒေသတွင် မြေငလျင်တုန်လှုပ်မှုကြောင့် သေဆုံးသူ ဦးရေ ၆၂ ဦးအထိ တိုးများလာ

(GMT+08:00)2024-01-03 14:59:53  

    ဇန်နဝါရီလ၃ရက်နေ့တွင် ဂျပန်နိုင်ငံ Ishikawa ခရိုင်၌ ပြုလုပ်သော ဘေးကယ်ဆယ်ရေးဌာန အစည်းအဝေးတွင်  Ishikawa ခရိုင် Noto ဒေသမှာ ၁ရက်နေ့က ရစ်ချ်တာစကေး ၇.၆ အဆင့် မြေငလျင်တုန်လှုပ်ပြီးနောက် ၃ရက်နေ့နံနက်၈နာရီအထိ သေဆုံးသူဦးရေ ၆၂ ဦးအထိ တိုးများလာကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။

    ဂျပန်နိုင်ငံ Ishikawa ခရိုင် Suzu မြို့ မြို့တော်ဝန် Masuhiro Izumiya က ဒေသခံ အိမ်ထောင်စု ၆၀၀၀ ၏ အိုးအိမ် ရာခိုင်နှုန်း ၉၀ သည် မြေငလျင်တုန်လှုပ်မှုကြောင့် လုံးဝပျက်စီး သို့မဟုတ် လုံးဝပျက်စီးလုနီး ဖြစ်ကြောင်း ဇန်နဝါရီလ ၂ရက်နေ့က ပြောကြားခဲ့ ပါသည်။