ဟာဘင်က ၅၂၁ မီတာရှိ စူပါရေခဲလျှောသည် ခရီးသွားများကို ဆွဲဆောင်

(GMT+08:00)2024-01-03 14:57:35  

ရေခဲမြို့တော်လို့ခေါ်ဆိုကြသော ဟေလုံကျန်းပြည်နယ် ဟာဘင်မြို့သည် ဆောင်းရာသီတွင် ရေပန်းစားသော ခရီးသွားနေရာတစ်ခုဖြစ်သည်။ ယခုနှစ် ဟာဘင် ရေခဲနှင့် ဆီးနှင်းကမ္ဘာ စူပါရေခဲလျှောများကို အဆင့်မြှင့်တင်ပြီး Slide အရေအတွက် ၈ ခုမှ ၁၄ ခုအထိ တိုးလာကာ အရှည်ဆုံး Slide သည် ၅၂၁ မီတာရှိပြီး ကမ္ဘာတစ်ဝှမ်းမှ ခရီးသွားများကို လာရောက်ကြည့်ရှုခံစားရန် ဆွဲဆောင်လျက်ရှိသည်။