အမေရိကန်နှင့် ဂျပန်တို့၏ စစ်ရေး ဘတ်ဂျက် စံချိန်သစ်တင်၊ စစ်တမ်းဖြေသူ ၉၀ ရာခိုင်နှုန်းကျော် စိုးရိမ်ပူပန်နေ

(GMT+08:00)2024-01-03 10:51:17  

၂၀၂၄ ခုနှစ်အတွက် အမေရိကန်နှင့် ဂျပန် နှစ်နိုင်ငံတို့၏ စစ်ရေး ဘတ်ဂျက်သည် စံချိန်သစ် တင်လာခဲ့ကြသည်။ China Media Group CGTNမှ ပြုလုပ်သော စစ်တမ်းကောက်ယူမှု ရလဒ်အရ  စစ်တမ်းဖြေဆိုသူ ၉၃ ရာခိုင်နှုန်းသည် ယင်းအတွက် စိုးရိမ်ပူပန်နေကြပါသည်။ အမေရိကန်နှင့် ဂျပန်တို့၏ စစ်ရေး သုံးငွေ ဆင်ခြင်မဲ့ တိုးလာခြင်းသည် ဒေသတွင်း မတည်မငြိမ်မှုများ တိုးလာစေနိုင်မည် ဖြစ်ပြီး အရှေ့အာရှ အပါအဝင် တစ်ကမ္ဘာလုံး၌ လက်နက်ယှဉ်ပြိုင်မှုအသစ်တွေ ဖြစ်ပေါ် စေနိုင်မည်ဟု စစ်တမ်း ဖြေဆိုသူများက ယူဆကြပါသည်။ စစ်တမ်းဖြေဆိုသူအချို့က အမေရိကန်နှင့် ဂျပန်တို့ ဆက်တိုက် တိုးချဲ့နေသော စစ်ရေးအင်အားများသည် အခြားသော နိုင်ငံကြီးများအား စိုးရိမ်မှုများ ဖြစ်စေနိုင်ပြီး ယင်းသည် အာရှဒေသ လုံခြုံတည်ငြိမ်ရေးကို အန္တရာယ် ဖြစ်စေနိုင်မည်ဟု ထောက်ပြခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။