လီဂျေးမြောင်ကို ဓားဖြင့်ထိုးသည့် သံသယရှိသူမှာ "ရည်ရွယ်ချက်ရှိ သတ်ခဲ့သည်" ဟုပြောကြားကြောင်း တောင်ကိုရီးယားရဲဘက်ဆို

(GMT+08:00)2024-01-03 14:56:45  

တောင်ကိုရီးယားနိုင်ငံ ဘူဆန်ဒေသရဲအေဂျင်စီ စုံစမ်းစစ်ဆေးရေးဌာနချုပ်သည် ဇန်နဝါရီလ ၂ ရက်နေ့ မွန်းလွဲပိုင်းက သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ပြီး အကြီးဆုံးအာဏာလက်မဲ့ပါတီခေါင်းဆောင် လီဂျေးမြောင် တိုက်ခိုက်ခံရမှု၏ ပဏာမစုံစမ်းစစ်ဆေးမှုရလဒ်ကို ရှင်းလင်းပြောကြားခဲ့သည်။ တိုက်ခိုက်သူသည် ၁၉၅၇ ခုနှစ်တွင်မွေးဖွားသောအမျိုးသားတစ်ဦးဖြစ်ပြီး တိုက်ခိုက်မှုတွင်အသုံးပြုခဲ့သော ၁၈ စင်တီမီတာ အရှည်ဓားကို ၂၀၂၃ခုနှစ်တွင် အွန်လိုင်းမှဝယ်ယူခဲ့ကြောင်း ရဲများကအတည်ပြုခဲ့သည်။

ရဲဘက်၏ အဆိုအရ ယင်းသံသယရှိသူက “ရည်ရွယ်ချက်ရှိ သတ်ခဲ့သည်” ဟုဆိုသောကြောင့် “လူသတ်ရန် ကြိုးပမ်းခြင်း” ဟူသော သံသယကို သက်ရောက်စေခဲ့သည်။