၂၀၂၃ခုနှစ်တွင် တရုတ်ရုပ်ရှင်ရုံများ ဝင်ငွေ ယွမ် ၅၄.၉၁၅ဘီလီယံရရှိ

(GMT+08:00)2024-01-02 13:01:19  

၂၀၂၃ ခုနှစ် တရုတ်ရုပ်ရှင်လုပ်ငန်းဆိုင်ရာ အရေးကြီးသော အညွှန်းကိန်းများကို အမျိုးသား ရုပ်ရှင် ဦးစီးဌာနက ဇန်နဝါရီလ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ တစ်နှစ်တာလုံး ရုပ်ရှင်ရုံများ၏ ဝင်ငွေ ယွမ် ၅၄.၉၁၅ ဘီလီယံရရှိပြီး ပြည်တွင်းရုပ်ရှင်များမှ ၈၃.၇၇ ရာခိုင်နှုန်း ပါဝင်ကာ မြို့ပြရုပ်ရှင်ရုံများတွင် ရုပ်ရှင်ကြည့်ရှုသူဦးရေ ၁.၂၉၉ဘီလီယံရှိကြောင်း၊ တစ်နှစ်တာလုံး Box Office ဝင်ငွေ ယွမ် သန်း ၁၀၀ ကျော် ရရှိသည့် ဇာတ်ကား ၇၃ ကားရှိပြီး ပြည်တွင်းရုပ်ရှင်ဇာတ်ကား ၅၀ ပါဝင်ကာ Box Office စာရင်းဇယား ရှေ့ပြေး ၁၀ ခုစလုံး ပြည်တွင်းရုပ်ရှင်များ ဖြစ်ကြောင်း သိရပါသည်။