ဂျပန်နိုင်ငံ Kashiwazaki Kariwa နျူကလီးယားဓာတ်အားပေးစက်ရုံရှိ ယူနစ်များစွာ၏ Spent fuel လောင်စာဆီကန်မှ ရေများသည် အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် လျှံထွက်ပြီး Shiga နျူကလီးယား ဓာတ်အား ပေးစက်ရုံရှိ Spent fuel လောင်စာဆီကန်၏ အအေးခံပန့်သည် အချိန်ပိုင်းတစ်ပိုင်းအတွင်း လည်ပတ်မှုရပ်တန့်

(GMT+08:00)2024-01-02 13:06:27  

ဂျပန်နိုင်ငံ Niigata နေ့စဉ်သတင်းစာ၏ ဇန်နဝါရီလ ၁ ရက်နေ့သတင်းအရ တိုကျိုလျှပ်စစ်ဓာတ်အား ကုမ္ပဏီမှ ထိုနေ့က သတင်းထုတ်ပြန်ပြီး ဇန်နဝါရီလ ၁ ရက်နေ့ မွန်းလွဲပိုင်းတွင် Niigata ခရိုင်ရှိ Kashiwazaki Kariwa နျူကလီးယားဓာတ်အားပေးစက်ရုံ အမှတ် ၁ မှ အမှတ် ၇ ယူနစ်များကို စစ်ဆေးစဉ် အချို့သော ယူနစ်များ၏ ဓာတ်ပေါင်းဖို Spent fuel လောင်စာဆီကန်မှ ရေများသည် ငလျင်လှုပ်ခတ်မှုကြောင့် လျှံထွက်ခဲ့သော်လည်း ရေသည် အဆောက်အဦအပြင်ဘက်သို့ စီးဆင်းမသွားဘဲ ပြင်ပအဆောက်အအုံများကို ထိခိုက်မှုမရှိကြောင်း သိရသည်။ Yomiuri Shimbun မှသတင်းအရ လျှံထွက်သောရေများတွင် ရေဒီယိုသတ္တိကြွဓာတ်ပစ္စည်းများပါဝင်ပြီး ရေဒီယိုသတ္တိကြွမှုအဆင့်များကို တိုင်းတာလျက်ရှိသည်ဟု သိရသည်။ Sankei Shimbun မှသတင်းအရ Shiga နျူကလီးယားဓာတ်အားပေးစက်ရုံ အမှတ် ၁ ယူနစ်တွင် ၁ ရက်နေ့က ငလျင်လှုပ်ပြီးနောက် Spent fuel လောင်စာဆီကန်၏ အအေးခံပန့်သည် အချိန်ပိုင်းတစ်ပိုင်းအတွင်း လည်ပတ်မှုရပ်တန့် ခဲ့ပြီး ထိုနေ့ ညနေ ၄ နာရီ ၄၉ မိနစ်တွင် ပြန်လည် ပုံမှန်ဖြစ်လာခဲ့သည်ဟု သိရပါသည်။