၂၀၂၃ ခုနှစ်တွင် အမေရိကန်၌ ဆိုးဝါးသော ပစ်ခတ်မှု ၆၅၅ ကြိမ် ဖြစ်ပွားခဲ့

(GMT+08:00)2024-01-02 13:04:45  

အမေရိကန် Gun Violence Archive ဝက်ဘ်ဆိုက်မှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့က ထုတ်ပြန်သည့် အချက်အလက်များအရ ၂၀၂၃ ခုနှစ်တွင် အမေရိကန်နိုင်ငံ၌ လူ ၄ ဦးထက်မနည်းသေဆုံးမှု ဖြစ်ပွားခဲ့သည့် ဆိုးဝါးသော ပစ်ခတ်မှု ၆၅၅ ကြိမ် ဖြစ်ပွားခဲ့ပြီး ၄င်း ဝက်ဘ်ဆိုဒ်မှ အချက်အလက်မှတ်တမ်းတင်ထားသည့် ၉ နှစ်အတွင်း ဒုတိယ အဆိုးရွားဆုံးသော နှစ်တစ်နှစ်ဖြစ်သည်။ ၂၀၂၁ခုနှစ် က ဆိုးဝါးသော ပစ်ခတ်မှုပေါင်း ၆၉၀ ကြိမ် ဖြစ်ပွားခဲ့သည်ဟု သိရပါသည်။ ၂၀၂၃ခုနှစ်က အမေရိကန်တွင် သေနတ်ပစ်ခတ်မှုနှင့် သက်ဆိုင်သော ဖြစ်ရပ်အမျိုးမျိုးတွင် လူပေါင်း ၄၂၈၈၉ ဦး သေဆုံးပြီး ပျမ်းမျှအားဖြင့် နေ့စဉ် သေဆုံးသူ ၁၁၇ ဦးရှိသည်။