ဂျပန်နိုင်ငံတွင် ပြင်းအား ရစ်ခ်ျတာစကေး ၇.၄ အဆင့်ရှိ ငလျင် လှုပ်ခတ်

(GMT+08:00)2024-01-02 13:05:49  

  ဇန်နဝါရီလ ၁ရက်နေ့ ညနေ ၃နာရီ ၁၀မိနစ်က ဂျပန်နိုင်ငံ Honshu ကျွန်း အနောက်ဘက်ကမ်းရိုးတန်း(မြောက်လတ္တီကျု ၃၇.၅၀ ဒီဂရီ၊ အရှေ့လောင်ဂျီကျု ၁၃၇.၂၀ ဒီဂရီ)တွင် ပြင်းအား ရစ်ခ်ျတာစကေး ၇.၄ အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့ပြီး ငလျင်ဗဟိုချက် အနက် ၃၀ ကီလိုမီတာရှိပါသည်။ ဂျပန် NHK မှ ထုတ်ပြန်သည့်သတင်းအရ ဇန်နဝါရီလ ၂ရက်နေ့ နံနက် ၉နာရီအထိ ဂျပန်နိုင်ငံ Ishikawa ပြည်နယ် Noto ကျွန်းဆွယ်တွင် ငလျင်လှုပ်ခတ်မှုကြောင့် Wajima မြို့မှာ လူ ၈ဦးသေဆုံးခဲ့ကြောင်း သိရပါသည်။မြေငလျင်လှုပ်ခတ်မှုကြောင့် ယင်းဒေသ လမ်းများ ဆိုးရွားစွာ ပျက်စီးခဲ့သည်။ ဒေသစံတော်ချိန် ဇန်နဝါရီလ ၁ ရက်နေ့ ညအထိ Ishikawa ပြည်နယ်တွင် အိမ်ထောင်စု ၃၂,၈၀၀ ခန့် မီးပြတ်ခဲ့ပြီး အဆောက်အဦ ၁၀၀ ခန့် မီးလောင်ခဲ့ပါသည်။