
၂၀၂၄ ခုနှစ် နှစ်သစ်ကူး အားလပ်ရက်အတွင်း တရုတ်နိုင်ငံ၏ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဈေးကွက်များသည် တည်ငြိမ်ပြီး စည်းစနစ်တကျ ရှိပါသည်။ ယဉ်ကျေးမှုနှင့် ခရီးသွားဝန်ကြီးဌာန၏ ဒေတာစင်တာမှ ခန့်မှန်းချက်အရ နှစ်သစ်ကူးရုံးပိတ်ရက် ၃ ရက်အတွင်း ပြည်တွင်း ခရီးသွားဦးရေမှာ ၁၃၅ သန်း ရှိပြီး ယမန်နှစ် အလားတူအချိန်ပိုင်းကထက် ၁၅၅.၃ ရာခိုင်နှုန်း တိုးလာကာ ပြည်တွင်းခရီးသွားလုပ်ငန်း ဝင်ငွေသည် ယွမ် ၇၉.၇၃ ဘီလီယံရှိပြီး ယမန်နှစ် အလားတူအချိန်ပိုင်းကထက် ၂၀၀.၇ ရာခိုင်နှုန်း တိုးလာမည်ဖြစ်ကြောင်း သိရပါသည်။








