“ဂါဇာဒေသတွင် နှစ်သစ်မရှိပါ” ဂါဇာဒေသတွင် စစ်ရေးဆောင်ရွက်မှုများ ဆက်လက် ပြုလုပ်မည်ဟု အစ္စရေးတပ်ဖွဲ့ ဆို

(GMT+08:00)2024-01-02 13:02:30  

၂၀၂၄ခုနှစ်၏ ပထမဆုံးနံနက်ဆည်းဆာ ပါလက်စတိုင်း ဂါဇာဒေသကို ဖုံးလွှမ်း ထားသောအချိန်တွင် စစ်ဘေးဒဏ်ခံနေရသော ၄င်းဒေသ၌ စစ်ပွဲဆင်နွှဲနေပါသေးသည်။ ဂါဇာဒေသကျန်းမာရေးဌာနမှ ဇန်နဝါရီလ ၁ရက်နေ့က ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် လွန်ခဲ့သည့် ၂၄နာရီအတွင်းတွင် ပါလက်စတိုင်းနိုင်ငံသား ၁၅၆ဦးသည် အစ္စရေးနိုင်ငံ၏ စစ်ရေးဆောင်ရွက်မှုများတွင် သေဆုံးသွားပြီး ၂၄၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ယခုအကြိမ် ပါလက်စတိုင်း-အစ္စရေးအချင်းပွားမှု ဖြစ်ပွားပြီးသည့်နောက် ဂါဇာဒေသတွင် ပါလက်စတိုင်း လူမျိုး ၂၁၉၇၈ ဦးထက်မနည်း သေဆုံးပြီး ၅၆၆၉၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထား ပါသည်။
    ဂါဇာဒေသတွင် အစ္စရေးတပ်ဖွဲ့၏ တိုက်ခိုက်မှုများကို နည်းလမ်းမျိုးစုံ၊ ပြင်းထန်မှုမျိုးစုံ၊ ပုံစံမျိုးစုံဖြင့် ဆက်လက်ပြုလုပ်မည် ဖြစ်ကြောင်း အစ္စရေးတောင်ပိုင်းစစ်ဦးစီးချုပ် Yaron Finkelman ၏ ပြောဆိုချက်ကို ကိုးကား၍ အစ္စရေးတိုင်းမ် သတင်းစာက ဇန်နဝါရီလ ၁ရက်နေ့က ရေးသားဖော်ပြခဲ့ပါသည်။