တရုတ်နိုင်ငံမှထုတ်လုပ်သည့် ပထမဆုံးသော အကြီးစားအပျော်စီးသင်္ဘော “Adora Magic City” စီးပွားဖြစ်စတင်လည်ပတ်

(GMT+08:00)2024-01-02 13:03:14  

ဇန်နဝါရီလ ၁ရက်နေ့ ညနေ ၄နာရီ ၄၅မိနစ်တွင် အကြီးစားအပျော်စီးသင်္ဘော “Adora Magic City”သည် Wusong ပင်လယ်ရေးရာဦးစီးဌာန ရေကြောင်း စီမံခန့်ခွဲရေး စင်တာ၏ ခွင့်ပြုချက် ရရှိပြီးနောက် ဝီစီသုံးကြိမ် ဆက်တိုက်မှုတ်ပြီး တရားဝင်ခုတ်မောင်းလိုက်ပါသည်။ ၆ ည ၇ရက် ကြာခရီးစဉ်တွင် တောင်ကိုရီးယားနိုင်ငံ Jeju ကျွန်း၊ ဂျပန်နိုင်ငံ Nagasaki မြို့နှင့် Fukuoka မြို့စသည်တို့ ပါဝင်ပါသည်။
    အကြီးစားအပျော်စီးသင်္ဘော “Adora Magic City”ကို China State Shipbuilding Corporation Limited(CSSC)Shanghai Waigaoqiao Shipbuilding CO.,LTD. မှ ထုတ်လုပ်ခြင်း ဖြစ်ပြီး အရှည် ၃၂၃.၆ မီတာ ရှိကာ အခန်း ၂၁၂၅ ခန်းရှိ၍ အများဆုံး ခရီးသည် ၅၂၄၆ ဦး လိုက်ပါစီးနင်းနိုင်ပါသည်။