မတ်လမှ စ၍ တရုတ်နှင့် ထိုင်း နိုင်ငံသားများ အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် ပေးမည်

(GMT+08:00)2024-01-02 15:35:43  

ဒေသစံတော်ချိန် ဇန်နဝါရီလ ၂ ရက်နေ့တွင် ထိုင်းဝန်ကြီးချုပ်၊ ဘဏ္ဍာရေးဝန်ကြီး Srettha Thavisin သည် ကက်ဘိနက်အဖွဲ့ အစည်းအဝေးသို့ တက်ရောက်ပြီးနောက် မီဒီယာများနှင့် တွေ့ဆုံခဲ့ရာ တရုတ်ခရီးသွားများအတွက် ထိုင်းနိုင်ငံ၏ ဗီဇာကင်းလွတ်ခွင့်မူဝါဒသည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်အထိဖြစ်ပြီး သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့် စဉ်ဆက်မပြတ် ဆက်သွယ်မှုနှင့် ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ယနေ့တွင် သတင်းကောင်း ရရှိလာကြောင်း၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့သည် အမြဲတမ်း အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် မူဝါဒသည် မတ်လ ၁ ရက်နေ့မှ စ၍ သက်ရောက်မည်ဖြစ်ပြီး နှစ်နိုင်ငံ ခရီးသွားလာရေး အတွက် ဗီဇာ မလိုအပ်တော့ကြောင်း ပြောကြားသည်။