အစိမ်းရောင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးတပ်ဆင်မှု စံချိန်သစ်တင်

(GMT+08:00)2024-01-02 14:29:47  

  ၂၀၂၃ခုနှစ် အောက်တိုဘာလ လကုန်အထိ တရုတ်နိုင်ငံမှ ကျောက်ဖြစ်ရုပ်ကြွင်းမဟုတ်သော စွမ်းအင်ဖြင့် ဓာတ်အားထုတ်လုပ်ရေးတပ်ဆင်မှုပမာဏက ကီလိုဝပ် ၁.၄၆ ဘီလီယံ သို့ ရောက်ရှိခဲ့ပြီး စုစုပေါင်း ဓာတ်အားထုတ်လုပ်ရေးတပ်ဆင်မှုပမာဏ၏ ၅၁.၉ ရာခိုင်နှုန်း ရှိပါသည်။ ယခုနှစ်မတ်လကုန်တွင် ဤအချိုးအစားသည် ပထမအကြိမ်အဖြစ် ၅၀ရာခိုင်နှုန်း ကျော်လွန်သွားခဲ့ပြီး ကျောက်ဖြစ်ရုပ်ကြွင်းမဟုတ်သော စွမ်းအင်ဖြင့် ဓာတ်အားထုတ်လုပ်ရေးတပ်ဆင်မှုသည် ကျောက်ဖြစ်ရုပ်ကြွင်းစွမ်းအင်ထက် ကျော်လွန်သွားခဲ့ခြင်းဖြစ်သည်။ ယင်းသည် တရုတ်နိုင်ငံ၏ အစိမ်းရောင် စွမ်းအင် အသွင်ကူးပြောင်းမှုတွင် အောင်မြင်မှုများ သိသိသာသာရရှိပြီး အစိမ်းရောင် အမျိုးအစား ဓာတ်အားထုတ်လုပ်ရေးစည်းစနစ် အခြေခံအားဖြင့် ဖြစ်တည်လာခြင်းကို ပြသပါသည်။