“ပိုမို ကောင်းမွန်သော နေထိုင်မှုဘဝ”သည် နိုင်ငံတကာ ပြည်သူများ၏ စောင့်မျှော်ရာလည်း ဖြစ်ပါသည်

(GMT+08:00)2024-01-01 14:42:19  

   တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် မိမိတို့၏ ရည်မှန်းချက်သည် အလွန်ကြီးမြတ်ပြီး အလွန် ရိုးရှင်းကာ အရင်းအမြစ် ရည်မှန်းချက်မှာ ပြည်သူပြည်သားများကို ပိုမို ကောင်းမွန်သော နေထိုင်မှုဘဝ ရရှိစေရန်ပင် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ “ပိုမို ကောင်းမွန်သော နေထိုင်မှုဘဝ”သည် တရုတ်ပြည် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရိုးရှင်းသော ဆန္ဒ ဖြစ်ပါသည်။ တစ်ချိန်တည်းတွင် ကမ္ဘာ့ ပြည်သူများ၏ စောင့်မျှော်ရာလည်း ဖြစ်ပါသည်။

   ကမ္ဘာ့ပြည်သူများကို ပိုမို ကောင်းမွန်သော နေထိုင်မှုဘဝ ရရှိစေလိုပါက ရှေးဦးစွာ အေးချမ်းသော ပတ်ဝန်းကျင် တစ်ရပ် လိုအပ်ပါသည်။ တရုတ်နိုင်ငံသည် ယူကရိန်း အကျပ်အတည်းကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေးဆိုင်ရာ တရုတ် ရပ်တည်ချက်၊ ပါလက်စတိုင်းနှင့် အစ္စရေး ပဋိပက္ခ ဖြေရှင်းရေးဆိုင်ရာ တရုတ်နိုင်ငံ၏ ရပ်တည်ချက် စသည့် စာတမ်းများကို ထုတ်ပြန်ခဲ့ပြီး အရာရှိများကိုလည် စေလွှတ်၍ ဖြန်ဖြေမှုများကို ပြုလုပ်ပေးကာ တရုတ်နိုင်ငံ၏ ကြိုးပမ်းမှုများသည် နိုင်ငံတကာ မိသားစုကြီး၏ ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံမှုကို ရရှိခဲ့ပါသည်။

   ကမ္ဘာ့ပြည်သူများကို ပိုမို ကောင်းမွန်သော နေထိုင်မှုဘဝ ရရှိစေလိုပါက ပိုမို တရားမျှတပြီး ပိုမို တရားနည်းလမ်းကျသော နိုင်ငံတကာ စီမံခန့်ခွဲရေး စည်းစနစ် တစ်ရပ် လိုအပ်ပါသည်။ တရုတ်နိုင်ငံသည် နိုင်ငံတကာ စည်းစနစ်ကို အစွမ်းကုန် ထိန်းသိမ်း ကာကွယ်ပေးပြီး ကမ္ဘာ့ တောင်ဘက်ခြမ်း အင်အားများ တိုးမြင့်လာအောင် ဆောင်ရွက် ပေးခဲ့ပြီး မတည်မငြိမ် ဖြစ်နေသည့် ကမ္ဘာကြီးအတွက် တည်ငြိမ်မှုများကို ဆောင်ကြဉ်းပေးလာပါသည်။

   လူသားကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ခြင်းကို တွန်းအားပေးပြီး ပိုမို သာယာလှပသော ကမ္ဘာကြီးကို တည်ဆောက်ကြမည်ဖြစ်ကြောင်း နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားတွင် သမ္မတ ရှီကျင့်ဖိန် ပြောကြားသလိုပင် ၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံသည် နိုင်ငံတကာ မိသားစုကြီးနှင့် လက်တွဲပြီး စိန်ခေါ်မှုများကို ရင်ဆိုင် ဖြေရှင်း၍ ဘုံစည်ပင်သာယာရေးကို အတူ တွန်းအားပေးကြမည် ဖြစ်ပါသည်။