ယန်စီမြစ်ကျဉ်းသုံးသွယ်ရေကာတာမှာပို့ဆောင်မှုပမာဏ စံချိန်သစ်တင်

(GMT+08:00)2024-01-01 17:05:56  

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ဟူပေပြည်နယ် ယီချန်မြို့တွင် သင်္ဘောများသည် ယန်စီမြစ်ကျဉ်းသုံးသွယ်ရေကာတာမှာ အဆင့် ၅ ဆင့်ရှိတဲ့ ရေပြင်ညှိဆည်နှင့် သင်္ဘောကိုသယ်ဆောင်ပေးတဲ့ စက်ယန္တရားများကို ဖြတ်သွားခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် ယန်စီမြစ်ကျဉ်းသုံးသွယ်ရေကာတာ ရေပြင်ညှိဆည်များ အကြိမ်ပေါင်း ၁၁၀၆၆ လည်ပတ်ခဲ့ပြီး တန်ချိန် ၁၆၉ သန်း ဖြတ်သန်းခဲ့ကြောင်း၊ သင်္ဘောကိုသယ်ဆောင်ပေးတဲ့ စက်ယန္တရားများ ၄၆၁၄ ကြိမ် လည်ပတ်ခဲ့ပြီး တန်ချိန် ၄.၇၈၅၉ သန်းကို ဖြတ်သန်းခဲ့ကြောင်း၊ အဓိက အရေးပေါ် ကုန်ပစ္စည်းများ တန်ချိန် ၅၇၄၁၀၀ သည် ဆည်ကို ဘေးကင်းပြီး အဆင်ပြေစွာ ဖြတ်သန်းပြီး ခရီးသွား ၂.၂ သန်းကျော်ကို ယန်စီမြစ်ကျဉ်းသုံးသွယ်ရေကာတာမှာ သွားလာရန် ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။