တရုတ်-မြောက်ကိုရီးယား သိပ်သီးခေါင်းဆောင်များ နှစ်သစ်ကူး ဝမ်းမြောက်ကြောင်း သဝဏ်လွှာ အပြန်အလှန်ပေးပို့

(GMT+08:00)2024-01-01 14:37:47  

  ဇန်နဝါရီလ ၁ ရက်နေ့တွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်နှင့် မြောက်ကိုရီးယား အလုပ်သမားပါတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်ကောင်စီဥက္ကဋ္ဌ ကင်ဂျုံအန်းတို့သည် နှစ်သစ်ကူး ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို အပြန်အလှန်ပေးပို့ခဲ့ကြပြီး ၂၀၂၄ခုနှစ်ကို "တရုတ်- မြောက်ကိုရီးယား ချစ်ကြည်ရေးနှစ်" အဖြစ် သတ်မှတ်ကာ သက်ဆိုင်ရာလှုပ်ရှားမှုများ စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း အတူတကွ ကြေညာခဲ့ကြပါသည်။