Qiushi မဂ္ဂဇင်းတွင် ပါတီအထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်၏ "လှပသော တရုတ်နိုင်ငံ တည်ဆောက်ရေးဖြင့် လူနှင့်သဘာဝ သင့်မြတ်စွာ အတူယှဉ်တွဲ နေထိုင်သည့် ခေတ်မီရေးကို ဘက်စုံတိုးမြှင့်ခြင်း" ခေါင်းစဉ်ဖြစ်သည့် ဆောင်းပါးကိုထုတ်ပြန်

(GMT+08:00)2024-01-01 11:11:13  

၂၀၂၄ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ထုတ်  Qiushi မဂ္ဂဇင်းတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ တရုတ်နိုင်ငံသမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့က ပြည်လုံးဆိုင်ရာ ဂေဟစနစ်ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးညီလာခံတွင် မိန့်ခွန်းပြောကြားချက်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် "လှပသော တရုတ်နိုင်ငံ တည်ဆောက်ရေးဖြင့် လူနှင့်သဘာဝ သင့်မြတ်စွာ အတူယှဉ်တွဲ နေထိုင်သည့် ခေတ်မီရေးကို ဘက်စုံတိုးမြှင့်ခြင်း" ခေါင်းစဉ်ဖြစ်သည့် ဆောင်းပါးကိုထုတ်ပြန် ပါသည်။

ဆောင်းပါးတွင် လာမည့် ငါးနှစ်သည် လှပသောတရုတ်နိုင်ငံ တည်ဆောက်ရေး အတွက် အရေးကြီးအချိန်ကာလဖြစ်ကြောင်း၊ ခေတ်သစ်တွင် တရုတ်ဝိသေသထူးခြားချက်ပါ ရှိသည့် ဆိုရှယ်လစ် ဂေဟစနစ်ယဉ်ကျေးမှုအတွေးအခေါ်ကို နက်ရှိုင်းစွာ ဖော်ဆောင်ရမည် ဖြစ်ကြောင်း၊ ပြည်သူများကို ဗဟိုပြုပြီး စိမ်းလန်းစိုပြေသောတောင်တန်းရေမြေသည် ရွှေတောင်ငွေတောင်ပင် ဖြစ်ခြင်း ဟူသော အယူအဆကို ခိုင်မာစွာ ကျင့်သုံး ရမည် ဖြစ်ကြောင်း၊  လှပသော တရုတ်နိုင်ငံတည်ဆောက်ရေးကို အင်အားတောင့်တင်းသော နိုင်ငံ ဖြစ်လာအောင် တည်ဆောက်ရေးနှင့် အမျိုးသားရှင်သန်ရေး၏ အရေးကြီးသော နေရာတွင် ထားရှိပြီး၊ အရည်အသွေးမြင့် ဂေဟစနစ်ပတ်ဝန်းကျင်ဖြင့် အရည်အသွေးမြင့် ဖွံ့ဖြိုးရေးအား ထောက်ပံ့ပေး ရမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။