၂၀၂၃ ခုနှစ် တရုတ် မြန်မာ ရွှေလီ- မူဆယ် နိုင်ငံဖြတ်ကျော် မာရသွန် အပြေးပြိုင်ပွဲ ကျင်းပ

(GMT+08:00)2024-01-01 14:32:16  

    ဒီဇင်ဘာလ ၃၁ ရက်နေ့က ၂၀၂၃ ခုနှစ် တရုတ် မြန်မာ ရွှေလီ- မူဆယ် နိုင်ငံဖြတ်ကျော် မာရသွန် အပြေးပြိုင်ပွဲကို ယူနန်ပြည်နယ် ရွှေလီမြို့၌ ကျင်းပခဲ့ပြီး နှစ်နိုင်ငံအကြား ယဉ်ကျေးမှုနှင့် အားစကား ကူးလူးဖလှယ်မှုများကို တွန်းအားပေးခဲ့ပါသည်။ နိုင်ငံ လေးနိုင်ငံမှ လူ တစ်သောင်းကျော်တို့သည် ယခုအကြိမ် မာရသွန်အပြေးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ယင်းတို့အနက် မြန်မာနိုင်ငံသား အားကစားသမား ၇၀၀ ကျော် ရှိပြီး ဂျပန်နှင့် ကနေဒါမှ အားကစား လက်ရွေးစင်များလည်း ပါဝင်သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။