China Media Group ဥက္ကဌမှ ပင်လယ်ရပ်ခြားပရိသတ်များထံ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြား

(GMT+08:00)2024-01-01 15:29:01  

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ China Media Group ဥက္ကဌ Shen Haixiong က CGTN ၊ CRI နဲ့ အင်တာနက် မှတစ်ဆင့် ပင်လယ်ရပ်ခြားပရိသတ်များထံ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါတယ်။

မိတ်ဆွေများခင်ဗျာ - 

နှစ်သစ်ရဲ့ ပထမဆုံးနေရောင်ခြည်ကိုကြိုဆိုရင်း ကျွန်တော်တို့ဟာ မျှော်လင့်ချက်တွေပြည့်နှက်နေတဲ့ ၂၀၂၄ ခုနှစ်ထဲ စတင်ဝင်ရောက်လာပါပြီ။ နှစ်သစ်အချိန်အခါသမယမှာ အားလုံးကို ကျွန်တော် ပေကျင်းကနေ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

  ကုန်ဆုံးခဲ့တဲ့ ၂၀၂၃ ခုနှစ်ဟာ တရုတ်နိုင်ငံရဲ့ “Belt and Road” စီမံချက်ကို ဖော်ပြခဲ့တဲ့ ဆယ်နှစ် ပြည့်မြောက်တဲ့နှစ် ဖြစ်ပါတယ်။ ဒီပထမဆုံးဆယ်နှစ်တာခရီးစဉ်တွင် “Belt and Road” စီမံချက်ဟာ သာယာဝပြောတိုးတက်လာခဲ့ပါတယ်။ လမ်းခရီးတစ်လျှောက် ပန်းများပွင့်လန်းဝေဆာနေခဲ့ပြီး တေးသံသာများ သီဆိုနိုင်ခဲ့ကာ တရုတ်နိုင်ငံနဲ့ ကမ္ဘာကြီး အတူလက်တွဲချီတက်နိုင်ခဲ့ပါတယ်။ CMG ဟာ ဒီသာယာဝပြောတဲ့လမ်းကြောင်းပေါ်မှာ စုံလင်တဲ့ ယဉ်ကျေးမှုများ အကြား ကူးလူးဖလှယ်မှုများကို ဆက်တိုက်မြှင့်တင်ဆောင်ရွက်နေပြီး လူ့လောကရဲ့ မရေမတွက်နိုင်တဲ့ သာယာလှပမှုများနဲ့ စိတ်လှုပ်ရှားဖွယ်မြင်ကွင်းများကို ရိုက်ကွက်များ၊ ကလောင်တံများနဲ့ မှတ်တမ်းတင်ပေးနေပါတယ်။ 

ဒီတစ်နှစ်တာအတွင်း ကျွန်တော်တို့ဟာ “အတွေးအမြင်+အနုပညာ+နည်းပညာ” ဆန်းသစ်တီထွင်မှုတွေကို အဆင့်သစ်သို့ ထပ်မံတွန်းပို့နိုင်ခဲ့ပါတယ်။ “ရှီကျင့်ဖိန် နှစ်သက်တဲ့ ဂန္ထဝင်စာပေအချက်အလက်များ (Season 2)” ဘာသာစကားမျိုးစုံဗားရှင်းကို ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၈၀ ကျော်မှာ ထုတ်လွှင့်ခဲ့ပါတယ်။ “သမိုင်းယဉ်ကျေးမှုကိုလေ့လာရင်း တရုတ်နိုင်ငံအကြောင်းသိရှိခြင်း” ၊ “ရှေးဟောင်းသုတေသနလုပ်ငန်းများမှတစ်ဆင့် တရုတ်နိုင်ငံအကြောင်းလေ့လာခြင်း” ၊ “ယဉ်ကျေးမှုကူးလူးဖလှယ်ခြင်း” ၊ “ပေစာများမှတစ်ဆင့် တရုတ်နိုင်ငံအကြောင်းလေ့လာခြင်း” စတဲ့ ယဉ်ကျေးမှုအစီအစဉ်ကောင်းများစွာမှတစ်ဆင့် တရုတ်နိုင်ငံနဲ့ ကမ္ဘာကြီးရဲ့ ယဉ်ကျေးမှုများကို ဆက်လက်ထွန်းလင်းတောက်ပနေစေခဲ့ပါတယ်။ ဟန်ကျိုး အာရှအားကစားပြိုင်ပွဲကို ထပ်ဆင့်ထုတ်လွှင့်ပေးမှုဟာ ကွန်ရက်တစ်ခုလုံးမှာ အကြိမ်ရေ ၄၁.၄ ဘီလီယံအထိရှိခဲ့ပြီး သမိုင်းတစ်လျှောက် စံချိန်သစ် တင်နိုင်ခဲ့ခြင်းဖြင့် စိတ်အားထက်သန်မှုများနဲ့ အိပ်မက်များကို ရေးသားဖော်ပြခဲ့ပါတယ်။ 

ဒီတစ်နှစ်တာအတွင်း ကျွန်တော်တို့ရဲ့ “မိတ်ဆွေအသိုင်းအဝိုင်း” ဟာ အလွန်စိတ်အားထက်သန် တက်ကြွခဲ့ပါတယ်။ မိတ်ဆွေဟောင်းများ ကတိအတိုင်းရောက်ရှိလာကြပြီး မိတ်ဖက်သစ်များ တဖွဲဖွဲ ရောက်ရှိလာကြပါတယ်။ ကျွန်တော်တို့နဲ့ နိုင်ငံတကာမီဒီယာအဖွဲ့အစည်းများအကြား ပူးပေါင်း ဆောင်ရွက်မှုသဘောတူစာချုပ် ၅၈ခုကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ဒုတိယအကြိမ် ကမ္ဘာလုံးဆိုင်ရာမီဒီယာဆန်းသစ်တီထွင်မှုဖိုရမ်၊ အာဆီယံမိတ်ဖက်မီဒီယာပူးပေါင်းဆောင်ရွက်မှုဖိုရမ်၊ အာဖရိကမိတ်ဖက်မီဒီယာများ ပူးပေါင်းဆောင်ရွက်မှုဖိုရမ်တို့ကို ကျင်းပခဲ့ပါတယ်။ “တရုတ်အသွင်ပုံစံခေတ်မီမှုနဲ့ ကမ္ဘာကြီး” ကမ္ဘာလုံးဆိုင်ရာ မီဒီယာလှုပ်ရှားမှု ၅၁ ကြိမ်၊ “ယဉ်ကျေးမှုဆိုတာဘာလဲ” ကမ္ဘာလုံးဆိုင်ရာ နယ်လှည့်ခင်းကျင်းပြသပွဲ ၈ ကြိမ်တို့ ကျင်းပခဲ့ပြီး နိုင်ငံအသီးသီးမှမိတ်ဆွေများနဲ့အတူ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေး၊ အကျိုးတူပူးပေါင်းဆောင်ရွက်ရေး၊ အတူတကွသာယာဝပြောရေးတို့နဲ့ ပြည့်စုံတဲ့ ကမ္ဘာကြီးရဲ့ ခေတ်မီတိုးတက်ပြီး သာယာလှပတဲ့ရှုခင်းကောင်းတွေကို အတူရေးခြယ်ကြပါတယ်။

    ယနေ့ကမ္ဘာကြီးဟာ ငြိမ်းချမ်းမှုနဲ့ဝေးကွာနေပြီး ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ အကျိုးတူဖြစ်ထွန်းရေးတို့ကို အလွန်လိုအပ်နေပါတယ်။ တရုတ်နိုင်ငံရဲ့ အယူအဆနဲ့ အဆိုပြုချက်တွေကို နိုင်ငံတကာမိတ်ဆွေများက ပိုမိုနားလည်သဘောပေါက်လာပြီး ထောက်ခံအားပေးလာတာကို ကျွန်တော်တို့ ဝမ်းမြောက်ဖွယ်မြင်တွေ့လာရပါတယ်။ APEC အစည်းအဝေးကာလအတွင်း ကျွန်တော်တို့ဟာ အမေရိကန် ဆန်ဖရန်စစ္စကိုမှာ “တရုတ်-အမေရိကန် လူမှုယဉ်ကျေးမှုကူးလူးဖလှယ်ရေးဆိုင်ရာ ချစ်ကြည်ရင်းနှီးစွာဆွေးနွေးပွဲ” ကို ကျင်းပခဲ့ရာ တက်ကြွတဲ့တုံ့ပြန်မှုများကို ရရှိခဲ့ပါတယ်။ Flying Tigers ရဲ့ အသက်တစ်ရာရှိပြီဖြစ်တဲ့ အဖွဲ့ဝင်ဟောင်း Harry Moyer လည်း ဒီအစီအစဉ်ကို တက်ရောက်ခဲ့ပါတယ်။ သမ္မတ ရှီကျင့်ဖိန်ရဲ့ အေးအတူပူအမျှအသိုက်အဝန်းအယူအဆက လူတိုင်းရဲ့ ရင်ထဲကစကားတွေကို ပြောပြနေခြင်းဖြစ်တယ်လို့ သူက ကျွန်တော့်ကို ပြောပြပါတယ်။ နိုင်ငံကိုပြန်ရောက်ပြီးတဲ့နောက်မှာ အမေရိကန် Lincoln Academy မှကလေးတွေ ကိုယ်တိုင်ဖန်တီးထားတဲ့ ပို့စကတ်၊ ကမ္ဘာလုံးပုံစံ၊ အလှချိတ်ဆွဲစရာပစ္စည်းလေးတွေကို ကျွန်တော်လက်ခံရရှိခဲ့ပါတယ်။ ဒီလိုချစ်စရာကောင်းတဲ့လက်ဆောင်လေးတွေကိုကြည့်ရင်း ကလေးတွေရဲ့ ငြိမ်းချမ်းမှုနဲ့ ခင်မင်ရင်းနှီးမှုကိုလိုလားတဲ့၊ အလှတရားများကို မျှဝေခံစားမှုလိုတဲ့ ဆန္ဒတွေကို ခံစားမိပါတယ်။

    ယနေ့ကမ္ဘာကြီးမှာ အတိုင်းအတာ အကြီးဆုံး အထွေထွေမီဒီယာလုပ်ငန်းဖြစ်တဲ့ CMG ဟာ သက်တမ်းငါးနှစ်ရှိပါပြီ။ ဒီငါးနှစ်အတွင်းမှာ “ရေပြင်ပေါ်မှာ စထွက်လာခါစ ကြာဖူးလေး” အဖြစ်မှ “ကျယ်ပြောလှတဲ့ကမ္ဘာမြေကြီးမှာ လွတ်လွတ်လပ်လပ်ပျံသန်းလာနိုင်တဲ့” ကြိုးပမ်းအားထုတ်မှုခရီးစဉ်ကြီးကို ဖြတ်သန်းလာခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က ကျွန်တော်တို့ဟာ ၁၉၁ ခုမြောက် ပင်လယ်ရပ်ခြား Site ကို တည်ဆောက်ပြီးစီးခဲ့ပြီး ကမ္ဘာ့နိုင်ငံနဲ့ဒေသပေါင်း ၆၇ ခုကို လွှမ်းခြုံတဲ့ ပင်လယ်ရပ်ခြားဖြန့်ဝေမှုကွန်ရက်ကို တည်ဆောက်ခဲ့ပါတယ်။ CGTN ရဲ့ နိုင်ငံတကာအသုံးပြုသူ အရေအတွက်ဟာ ပထမဆုံးအကြိမ် သန်း ၇၀၀ ကျော်လွန်ခဲ့ပြီး နိုင်ငံတကာအရေးပါသတင်းတွေ ဖော်ပြရာမှာ တစ်ကမ္ဘာလုံးရဲ့ ပထမဆုံးသတင်းဖော်ပြတဲ့သတင်းအရင်းအမြစ်အဖြစ် အကြိမ်ကြိမ် ဖော်ပြနိုင်ခဲ့ပါတယ်။ နိုင်ငံတကာထိပ်တန်း ပင်မမီဒီယာပုံစံသစ်ကို တည်ဆောက်နေတဲ့ခရီးစဉ်မှာ ကျွန်တော်တို့ဟာ “ဖန်သားပြင်တစ်ခုလုံး အရည်အသွေးမြင့်အစီအစဉ်များ ဖြစ်လာစေရေး” ရည်မှန်းချက်နဲ့ ဆက်လက်အရှိန်မြှင့်တင် ကြိုးပမ်းသွားမှာဖြစ်ပါတယ်။

    မိတ်ဆွေများခင်ဗျာ၊ ၂၀၂၄ ခုနှစ်ဟာ တရုတ်ပြက္ခဒိန်အရ နဂါးနှစ်ဖြစ်ပါတယ်။ နဂါးဆိုတာ တရုတ်ယဉ်ကျေးမှုမှာ မင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့ ဒဏ္ဍရီလာသင်္ကေတတစ်ခုဖြစ်ပြီး အားသာချက်များကိုစုစည်းခြင်း၊ အရာခပ်သိမ်းကိုအကျိုးပြုခြင်း၊ တူညီချက်များကိုရှာကြံ၍ ကွဲလွဲချက်များကိုဖယ်ချန်ခြင်း၊ အတူယှဉ်တွဲနေထိုင်ခြင်း ဆိုတဲ့ခံယူချက်တွေကို ကိုယ်စားပြုနေပါတယ်။ ခရီးစဉ်သစ်ကို ကြိုးပမ်းလျှောက်လှမ်းနေတဲ့ တရုတ်ပြည်သူတွေဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ခြင်း (၇၅) နှစ်ပြည့်အထိမ်းအမှတ်ကို နဂါးနှစ်မှာ ကြိုဆိုကြမှာဖြစ်ပါတယ်။ CMG က  ခွန်အားအပြည့်၊ စိတ်အားထက်သန်တက်ကြွမှုအပြည့်နဲ့ တရုတ်နိုင်ငံရဲ့အကြောင်း၊ ကမ္ဘာကြီးရဲ့အကြောင်းကို တစ်ကမ္ဘာလုံးထံဖြန့်ဝေပေးပြီး လူသားယဉ်ကျေးမှုရဲ့ခေတ်သစ်စာမျက်နှာကို ရေးသားကာ နှစ်သစ်နွေဦးကို အတူတကွကြိုဆိုမှာဖြစ်ပါတယ်။

နှစ်သစ်မှာ ပျော်ရွှင်ပါစေလို့ မိတ်ဆွေတို့နဲ့ တစ်ကမ္ဘာလုံးကို ထပ်မံ၍ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။