တရုတ်က ဒါကို လုပ်တာ အနှစ် ၆၀ ရှိပြီ

(GMT+08:00)2023-12-31 13:01:05  

အယ်လ်ဂျီးရီးယားနိုင်ငံမှာ ဒေသခံကလေးငယ်များစွာကို မိဘတွေဟာ "Sinova"လို့ နာမည်ပေးထားပါတယ်။ "Sinova" ဆိုတဲ့စကားလုံးဟာ "တရုတ်လူမျိုး"ဆိုတဲ့အဓိပ္ပါယ်ရှိ ပါတယ်။ ၁၉၆၃ ခုနှစ်က တရုတ်ဆေးဘက်ဆိုင်ရာအဖွဲ့ အယ်လ်ဂျီးရီးယားနိုင်ငံကို ပထမဆုံး အကြိမ် ရောက်ရှိပြီးနောက် တရုတ်ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေဟာ အယ်လ်ဂျီးရီးယား နိုင်ငံမှာ ကလေးငယ်ပေါင်း ၂.၀၇ သန်းကျော်ကို မွေးဖွားပေးခဲ့ပြီး လူနာပေါင်း ၂၇ သန်းကျော်ကို ဆေးကုသပေးခဲ့ပါတယ်။

    မကြာသေးခင်က တရုတ်ဆေးဘက်ဆိုင်ရာအဖွဲ့တွေ နိုင်ငံခြားကို အကူအညီပေးရေး စေလွှတ်ခဲ့တဲ့ အနှစ် ၆၀ ပြည့် အထိမ်းအမှတ်နဲ့ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဘေကျင်းမြို့မှာ ကျင်းပခဲ့ပါတယ်။ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် ဟာ အခမ်းအနားကို တက်ရောက်ခဲ့ကြတဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ တရုတ်အကြီးအကဲဟာ နိုင်ငံခြားကို ဆေးဘက် ဆိုင်ရာ အကူအညီပေးမှုလုပ်ငန်းမှာ ရရှိခဲ့တဲ့ အောင်မြင်မှုတွေကို အပြည့်အဝ တန်ဖိုးထား ချီးကျူးပြီး "လူသားကျန်းမာရေးအသိုက်အဝန်းတည်ဆောက်ဖို့ ပိုမိုကြီးမားတဲ့ အကျိုးပြု စွမ်းဆောင်မှုတွေ ပြုလုပ်"ရန် အားပေးပြောကြားခဲ့ပါတယ်။ အဲဒီမိန့်ခွန်းမှာ တရုတ်နိုင်ငံက ဘာကြောင့်ဒါကို လုပ်သလဲ၊ ပြုလုပ်ခဲ့တာ အနှစ် ၆၀ ရှိပြီ ဖြစ်ပြီး ဘာဆက်လုပ်မလဲဆိုတာကို သိမြင်နိုင်ပါတယ်။
    အာဖရိကတိုက်မှာ အီဘိုလာရောဂါ တိုက်ဖျက်ဖို့ အကူအညီပေးခြင်းကနေ နိုင်ငံ အများအပြားမှာ ငန်းဝါဖျားရောဂါ၊ ပလိပ်ရောဂါနဲ့ ဇီကာရောဂါ ကာကွယ်ထိန်းချုပ်ဖို့ အကူအညီပေးခြင်း၊ အာဖရိကတိုက်မှာ ရောဂါထိန်းချုပ်ရေးစင်တာတွေကူညီတည်ဆောက် ပြီး ကပ်ရောဂါတိုက်ဖျက်ရေး နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ခြင်းအထိ အနှစ် ၆၀ အတွင်းမှာ တရုတ်ဆေးဘက်ဆိုင်ရာအဖွဲ့တွေဟာ စေတနာဖြင့် ကျွမ်းကျင်မှုတွေနဲ့ ဒေသခံပြည်သူတွေကို အကျိုးပြုစွမ်းဆောင်ခဲ့ပြီး အကူအညီ လက်ခံရရှိခဲ့တဲ့နိုင်ငံတွေက အစိုးရနဲ့ ပြည်သူတွေရဲ့ တန်ဖိုးထားချီးကျူးမှုတွေကို ရရှိခဲ့ပါတယ်။ "ခင်ဗျားတို့ဟာ တရုတ် ဆရာဝန်တွေဖြစ်တဲ့အတွက် ခင်ဗျားတို့ကို ယုံကြည်တယ်"လို့ ရဝမ်ဒါအမျိုးသမီးတစ်ဦးက ခွဲစိတ်မှုမပြုလုပ်ခင်က အဲဒီလို ပြောကြားပါတယ်။ နိုင်ငံတော်တော်များများက တရုတ် နိုင်ငံကို "မိတ်ဆွေအစစ်"လို့ ခေါ်ကြပါတယ်။
    နှစ်ပေါင်း ၆၀ ကြာ နိုင်ငံခြားကို ဆေးဘက်ဆိုင်ရာ အကူအညီပေးမှုမှာ ရရှိခဲ့တဲ့ အောင်မြင်မှုတွေဟာ အပြင်လောက က တရုတ်နိုင်ငံရဲ့ တာဝန်ထမ်းဆောင်ခြင်းကို လေ့လာနိုင်တဲ့ ပြတင်းပေါက်တစ်ခု ဖြစ်လာပါတယ်။ အချိန်ကြာရှည်မှုအရဆိုရင် တရုတ်နိုင်ငံဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ဆေးဘက်ဆိုင်ရာအဖွဲ့တွေ ရေရှည်ဆက်တိုက် စေလွှတ်ခဲ့တဲ့ ကမ္ဘာပေါ်မှာ တစ်ခုတည်းသောနိုင်ငံ ဖြစ်ပါတယ်။ စာရင်းတွေအရဆိုရင် တရုတ်နိုင်ငံဟာ နိုင်ငံနဲ့ ဒေသ ၇၆ခု ဆီကို ဆေးဘက်ဆိုင်ရာအဖွဲ့ဝင် ၃သောင်း စေလွှတ်ပြီး ဆေးခန်းနဲ့ ကျန်းမာရေးအဆောက်အအုံ ၁၃၀ကျော်ကို ကူညီတည်ဆောက်ကာ လူနာပေါင်း သန်း၃၀၀ နီးပါး ကုသပေးခဲ့ပြီ ဖြစ်ပါတယ်။ အကျိုးပြုစွမ်းဆောင်မှုအရဆိုရင် တရုတ်နိုင်ငံရဲ့ နိုင်ငံခြားကို ဆေးဘက်ဆိုင်ရာ အကူအညီပေးရေးနဲ့ပတ်သက်တဲ့ နယ်ပယ်တွေနဲ့ အကြောင်းအရာတွေ အဆက်မပြတ် ကြွယ်ဝလာပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ ၁၀ နှစ် အတွင်းမှာ တရုတ်နိုင်ငံဟာ လူသားကျန်းမာရေးအသိုက်အဝန်းတည်ဆောက်ဖို့ သဘော တရားကို တင်ပြခဲ့ပါတယ်။ အကူအညီ လက်ခံရရှိတဲ့ နိုင်ငံတွေအတွက် ဆေးဘက်ဆိုင်ရာ စနစ်တွေကို တည်ဆောက်ပြီး ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှု စွမ်းဆောင်ရည်ကို မြှင့်တင်ခဲ့ ပါတယ်။ အကူအညီ လက်ခံရရှိတဲ့ နိုင်ငံတွေမှာ ခုန်ပျံကျော်လွှားတဲ့ ဖွံ့ဖြိုးတိုးတက်မှု ရရှိဖို့ အကူအညီပေးခဲ့ပါတယ်။
    အခု တရုတ်နိုင်ငံဟာ တရုတ်အသွင်ပုံစံခေတ်မီရေးကို အစွမ်းကုန်တွန်းအားပေးနေ ပါတယ်။ ကမ္ဘာပေါ်မှာ အကြီးဆုံးဖွံ့ဖြိုးဆဲနိုင်ငံအဖြစ် တရုတ်နိုင်ငံဟာ ကိုယ်တိုင် ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်နေတဲ့တစ်ချိန်တည်းမှာ တခြားဖွံ့ဖြိုးဆဲနိုင်ငံတွေ မှာ ခေတ်မီရေးရရှိဖို့ ကိုယ်တိုင်ဖွံ့ဖြိုးတိုးတက်နဲ့ တစ်စိုက်မတ်မတ် အကူအညီလည်း ပေးလေ့ရှိပါတယ်။ နိုင်ငံခြားကို ဆေးဘက်ဆိုင်ရာ အကူအညီပေးရေးဟာ အဲဒီထဲမှာ အရေးကြီးတဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။
    အနှစ် ၆၀ ဆိုတာ ပြီးဆုံးခြင်းမဟုတ်ဘဲ အစသစ် ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ နိုင်ငံခြား ကို ဆေးဘက်ဆိုင်ရာ အကူအညီပေးမှုတွေမှာ ကမ္ဘာကြီးဟာ တရုတ်ပြည်သူတွေက ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးပြီး အသက်ကို တန်ဖိုးထားကြောင်း သိရှိနားလည်နိုင်ပြီး တရုတ် သံတမန်ရေးရဲ့ နိုင်ငံကြီးတာဝန်ထမ်းဆောင်ကြောင်း သိရှိနားလည်နိုင်ကာ "လူသား တစ်ရပ်လုံးအတွက် အကျိုးရှိတဲ့ကိစ္စမှန်သမျှကို တရုတ်နိုင်ငံဟာ လွှဲဖယ်၍ မရ လုပ်သင့်လုပ်ထိုက်တာ ဖြစ်ပြီး ကောင်းကောင်းလုပ်မှာ ဖြစ်တယ်"ဆိုတဲ့ တရုတ်နိုင်ငံ၏ ကမ္ဘာကြီးအတွက် ကတိပြုချက်ကို သိရှိနားလည်နိုင်ပါတယ်။