“ထိုင်ဝမ်သီးခြားတည်ရှိရေး”နှင့် ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးတို့သည် ရေနှင့်မီးကဲ့သို့ မအပ်စပ်ပါဟု တရုတ်နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံး ဆို

(GMT+08:00)2023-12-31 13:45:49  

၂၀၂၄ ခုနှစ် ထိုင်ဝမ်ဒေသခေါင်းဆောင်ရွေးကောက်ပွဲတွင် ရွေးကောက်ခံပုဂ္ဂိုလ်များ ရုပ်မြင်သံကြား စကားဝိုင်းပြောဆိုပွဲ၌ လိုက်ချင်းတေ ၏ သက်ဆိုင်ရာပြောဆိုချက် နှင့်ပတ်သက်၍ တရုတ်နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံးမှ ပြောရေးဆိုခွင့်ရှိသူ ချင်ပင်ဟွာ က တုံ့ပြန်ပြောဆိုရာတွင် “ထိုင်ဝမ်သီးခြားတည်ရှိရေး”နှင့် ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးတို့သည် ရေနှင့်မီးကဲ့သို့ မအပ်စပ်ပါဟု လိုက်ချင်းတေအား အလေးအနက် သတိပေးပြောကြားလိုကြောင်း၊ မိမိတို့သည် “ထိုင်ဝမ်သီးခြားတည်ရှိရေး”၏ ခွဲထွက်ရေး ကြံစည်မှုများကို ဆန့်ကျင်ရန် လုပ်ဆောင်ချက်မှာ ပြတ်ပြတ်သားသားရှိပြီး အားကောင်း ကြောင်း၊ “ထိုင်ဝမ်သီးခြားတည်ရှိရေး”လုပ်ရပ်များကို ချေမှုန်းတိုက်ဖျက်ရန်၊ နိုင်ငံတော် အချုပ်အခြာအာဏာကို ကာကွယ်ထိန်းသိမ်းရန် စွမ်းဆောင်ရည်မှာ ကြံ့ခိုင်ပြီး ဖျက်ဆီး၍ မရကြောင်း၊ ထိုင်ဝမ်အရေးကိစ္စကို ကိုင်တွယ်ဖြေရှင်းရန်၊ နိုင်ငံတော်တစ်ပေါင်းတစ်စည်း တည်းဖြစ်ရန် ဇွဲသတ္တိမှာ မယိမ်းမယိုင်စွဲစွဲမြဲမြဲရှိကြောင်း ပြောကြားခဲ့ပါသည်။
    ပြောရေးဆိုခွင့်ရှိသူ ချင်ပင်ဟွာ က ကမ္ဘာပေါ်တွင် တရုတ်ပြည်တစ်ပြည်တည်းသာ ရှိပြီး ပြည်မကြီးနှင့် ထိုင်ဝမ်တို့သည် တရုတ်ပြည်၏ အစိတ်အပိုင်း ဖြစ်ကာ တရုတ်ပြည်၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ပြည့်စုံခြင်းကို ဘယ်တော့မှ ပိုင်းခြား၍မရကြောင်း၊ ၄င်းမှာ ထိုင်ဝမ်ရေလက်ကြား၏ လက်ရှိအခြေအနေ ဖြစ်ကြောင်း၊ “၁၉၉၂ ခုနှစ် သဘော တူညီမှုများ”ကို စွဲကိုင်ထားပြီး “ထိုင်ဝမ်သီးခြားတည်ရှိရေး”ကို ဆန့်ကျင်မှသာ ထိုင်ဝမ် ရေလက်ကြားနှစ်ဖက်ကမ်းဆက်ဆံရေးသည် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်း မှန်သို့ ပြန်လည်ရောက်ရှိနိုင်မည် ဖြစ်ကြောင်း၊ ထိုင်ဝမ်ရေလက်ကြားနှစ်ဘက်ကမ်းအကြား ညှိနှိုင်းဆွေးနွေးပွဲကို ပြန်လည်ကျင်းပနိုင်မည် ဖြစ်ကြောင်း၊ ထိုင်ဝမ်ရေလက်ကြား နှစ်ဖက်ကမ်းအကြား ကူးလူးဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးများကို ပြန်လည် အဆင်ပြေအောင် ပြုလုပ်နိုင်မည် ဖြစ်ကြောင်း၊ ထိုင်ဝမ်ရေလက်ကြားနှစ်ဘက်ကမ်း မွေးချင်းပေါက်ဖော်များ အထူးသဖြင့် ထိုင်ဝမ်မွေးချင်းပေါက်ဖော်များသည် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ သာယာဝပြောရေးရှိသော နေထိုင်မှုဘဝကောင်းကို ရရှိနိုင်မည် ဖြစ်ကြောင်း၊ ထိုင်ဝမ်မွေးချင်းပေါက်ဖော်အများစုအား “ထိုင်ဝမ်သီးခြားတည်ရှိရေး”၏ အစွန်းရောက် အန္တရာယ်ကြီးမှုနှင့် လိုက်ချင်းတေမှ ထိုင်ဝမ်ရေလက်ကြားငြိမ်းချမ်းရေးကို ဖျက်ဆီးရန်၊ ထိုင်ဝမ်ရေလက်ကြားနှစ်ဖက်ကမ်းအကြား ထိပ်တိုက်ရင်ဆိုင်ဖို့ လှုံ့ဆော်ရန် အန္တရာယ် ကြီးမှုကို သိရှိနားလည်ပြီး “ငြိမ်းချမ်းရေးနှင့်စစ်ပွဲ”အကြား၊ “စည်ပင်သာယာရေးနှင့် ယိုယွင်းဆုတ်ယုတ်မှု”အကြား မှန်ကန်စွာ ရွေးချယ်ကာ ထိုင်ဝမ်ရေလက်ကြား နှစ်ဖက်ကမ်းဆက်ဆံရေး ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းမှန်ကို ပြန်လည် ရောက်ရှိရန်၊ ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းတည်ငြိမ်ရေး ကာကွယ်ထိန်းသိမ်းပြီး ကိုယ်တိုင်လုံခြုံရေးနှင့် ချမ်းသာသုခကို ကာကွယ်ထိန်းသိမ်းကာ ထိုင်ဝမ်ရေလက်ကြား နှစ်ဖက်ကမ်း သာယာဝပြောစွာ ဖွံ့ဖြိုးတိုးတက်ရေးအခြေအနေသစ်ကို အတူတကွ ဖန်တီးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။