တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ၂၀၂၄ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောကြား

(GMT+08:00)2023-12-31 21:16:16  

နှစ်သစ်ရောက်ခါနီးအချိန်အခါတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် China Media Group နှင့် အင်တာနက်မှတစ်ဆင့် ၂၀၂၄ ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။ ရှီကျင့်ဖိန်သည် ၂၀၂၃ ခုနှစ်အတွင်း တရုတ်နိုင်ငံ လျှောက်လှမ်းခဲ့သည့် ထူးချွန်သည့် ခရီးစဉ်နှင့် ရရှိ ခဲ့သည့် တိုးတက်အောင်မြင်မှုများကို ပေါင်းရုံးသုံးသပ်ပြီး ၂၀၂၄ခုနှစ် နိုင်ငံတော် စည်ပင်သာယာဖို့၊ ကမ္ဘာကြီး အေးချမ်းတည်ငြိမ်ဖို့ ဆုမွန်ကောင်းတောင်းလိုက်ပါသည်။

ရှီကျင့်ဖိန်သည် (လျှောက်လှမ်း လာခဲ့ခြင်း)တို့ဖြင့် ၂၀၂၃ ခုနှစ်အတွင်း တရုတ်နိုင်ငံ လျှောက်လှမ်းခဲ့သည့် ခရီးစဉ်နှင့် အောင်မြင်မှုများကို ဖော်ပြခဲ့ပါသည်။ သူက နွေးထွေးသော နေထိုင်မှုဘဝ အငွေ့အသက်များနဲ့ နာလန်ပြန်ထူလာသော စိတ်အားထက်သန်မှုများဟာ လူအများရဲ့ သာယာလှပသော နေထိုင်မှုဘဝအပေါ် မျှော်မှန်းချက်ကို ပြသတဲ့အပြင် ရှင်သန်မှုပြည့်ဖြိုးသော နွေးထွေးမှုအပြည့်ဖြစ်သော တရုတ်ပြည်အခြေအနေ ပေါ်လွင်လာစေပါကြောင်း၊  တရုတ်ပြည်စီးပွားရေး ဆက်တိုက်နာလန်ပြန်ထူလာကာ အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကို ထိရောက်စွာ မြှင့်တင်နိုင်ခဲ့ပါကြောင်း၊ ခေတ်မီ ကုန်ထုတ်လုပ်မှု စည်းစနစ် ပိုမိုပြည့်စုံကောင်းမွန်လာပြီး၊ အဆင့်မြင့်တဲ့ စမတ် အစိမ်းရောင် အမျိုးအစားသစ် ကျောရိုးမဏ္ဍိုင်လုပ်ငန်းများ လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ကြောင်း၊ စားနပ်ရိက္ခာထုတ်လုပ်မှု နှစ်၂၀ အတွင်း ဆက်တိုက်တိုးတက်လာပြီး စိမ်းလန်းစိုပြေသော တောတောင်ရေမြေ တည်ဆောက်ရေးလုပ်ငန်း ပိုမို အရည်အသွေး ကောင်းမွန်စွာ တိုးတက်လာကာ ကျေးလက်ရှင်သန်ရေးလုပ်ငန်းတွင် ကောင်းမွန်သည့်အခြေအနေအသစ်များ ပေါ်လွင်လာနေကြောင်း၊ C919 လေယာဉ်ကြီး စီးပွားဖြစ် ပျံသန်းမှု ဖော်ဆောင်နိုင်ခဲ့ပြီး ရှန်ကျိုး အာကာသယာဉ်များဆက်တိုက် ပျံသန်းနိုင်ခဲ့ကာ Fen Dou Zhe ပင်လယ်ရေနက် ရေငုပ်သင်္ဘော ပင်လယ်ရေနက် ရေငုပ်ခြင်းများ ဖော်ဆောင်နိုင်ခဲ့ပါကြောင်း၊ တရုတ်ပြည်ထုတ် ကုန်ပစ္စည်းများ အရောင်းကောင်းမွန်ပြီး တရုတ်ပြည်ထုတ် အမျိုးအစားသစ် ဟန်းဖုန်းများ လူအများရဲ့ကြိုဆိုမှုခံရကာ စွမ်းအင်သစ် မော်တော်ယာဉ် လစ်သီယမ်း ဘက်ထရီ၊ နေရောင်ခြည်စွမ်းအင်သုံး ကုန်ပစ္စည်းများဟာ တရုတ်ပြည်ထုတ် ကုန်ပစ္စည်များအတွက် ရသသစ်များဆောင်ကြဉ်းပေးလာကြောင်း၊ တရုတ်နိုင်ငံဟာ လုံ့လဇွဲရှိရှိနဲ့ အစွမ်းကုန် ကြိုးပမ်းအားထုတ်ပြီး နေရာအနံံ့မှာ ဆန်းသစ်တီထွင်မှုများကို နေ့စဉ်နေ့တိုင်း လိုလို မြင်တွေ့ရပါကြောင်း ပြောကြားခဲ့ပါသည်။

ရှီကျင့်ဖိန်သည် (ကမ္ဘာကြီးအား ပွေ့ဖက်ခြင်)းဖြင့် တရုတ်နိုင်ငံက နိုင်ငံကြီးအဖြစ် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခြင်းကို ဖော်ပြခဲ့ပါသည်။ သူက တရုတ်နိုင်ငံဟာ တရုတ်-အလယ်အာရှ ထိပ်သီးအစည်းအဝေး၊ တတိယ အကြိမ်မြောက် Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ်တွေကို အောင်မြင်စွာ ကျင်းပခဲ့ပြီး တိုက်ကြီး ၅ခုမှ ဧည့်သည်တော်များကို ကြိုဆိုခဲ့ပါကြောင်း ပြောကြားခဲ့ပါတယ်။

ရှီကျင့်ဖိန်က ၂၀၂၄ ခုနှစ်ဟာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ တည်ထောင်ခဲ့ခြင်း ၇၅နှစ် ပြည့်မြောက်တဲ့နှစ်ဖြစ်ပြီး တရုတ်နိုင်ငံက တရုတ်အသွင်ပုံစံ ခေတ်မီရေးကို ဦးလည်မသုန် တွန်းအားပေးမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ သူက ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ဟာ အလွန်မွန်မြတ်ပြီး အလွန်ရိုးရှင်းကာ မူရင်းရည်မှန်းချက်ဟာ ပြည်သူလူထုများ ပိုမိုကောင်းမွန်တဲ့ နေထိုင်မှုဘဝ ရရှိစေဖို့ ဖြစ်၍ လူအများ ချမ်းမြေ့ပျော်ရွှင်အောင်၊ လူ့ဘဝ ရသမြောက်လှအောင်၊ အိပ်မက်များ အကောင်အထည်ဖော်နိုင်လာအောင် ဆောင်ရွက်ပေးရမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

·

ရှီကျင့်ဖိန်က ကမ္ဘာ့အခြေအနေ ပြောင်းလဲမှုများပြားပေမယ့် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်မှုဟာ အစဉ်တစိုက် အဓိက ရေစီးကြောင်းဖြစ်ပြီး အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှုဟာ အစဉ်တစိုက် မှန်ကန်သော လမ်းကြောင်းပဲဖြစ်ကြောင်း၊ လက်ရှိအချိန်မှာ ကမ္ဘာ့နေရာတစ်ချို့မှာ စစ်ပွဲများ ဖြစ်ပွားနေပါကြောင်း၊ တရုတ်ပြည်သူများဟာ ငြိမ်းချမ်းရေး တန်ဖိုးရှိခြင်းကို လေးနက်စွာ နားလည်သိရှိပါကြောင်း၊ ကျွန်တော်တို့ဟာ နိုင်ငံတကာ မိသားစုကြီးနဲ့အတူ လူသားများရဲ့ရှေ့အလားအလာကို ရှေးရှုပြီး ပြည်သူများရဲ့ ချမ်းသာသုခအတွက် လူသားကံကြမ္မာတူ အသိုက်အဝန်း တည်ထောင်ခြင်းကို တွန်းအားပေး၍ ပိုမို သာယာလှပသော ကမ္ဘာကြီးကို တည်ဆောက်သွားမှာ ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။