နှစ်သစ်ကူးရုံးပိတ်ရက်၏ပထမဆုံးနေ့တွင် တစ်နိုင်ငံလုံး ခရီးသည် ၄၁.၇၆၈ သန်း ပို့ဆောင်နိုင်မည်ဟု မျှော်မှန်းထားသည်

(GMT+08:00)2023-12-31 13:15:57  

ယမန်နေ့ (၃၀ရက်နေ့) သည် နှစ်သစ်ကူးရုံးပိတ်ရက်၏ ပထမဆုံးနေ့ဖြစ်သည်။လမ်းပန်းဆက်သွယ်ရေးနှင့် ပို့ဆောင်ရေး ဝန်ကြီးဌာနမှ သတင်းအရ ၃၀ ရက်နေ့တွင် တစ်နိုင်ငံလုံး ရထားလမ်း၊ အဝေးပြေးလမ်း၊ ရေလမ်းနှင့် မြို့ပြလေကြောင်းတို့မှ ခရီးသည် ဦးရေ စုစုပေါင်း ၄၁.၇၆၈ သန်း ကို ပို့ဆောင်နိုင်မည်ဟု မျှော်မှန်းထားပြီး ပြီးခဲ့သည့်နှစ် နှစ်သစ်ကူးရုံးပိတ်ရက် ပထမနေ့ထက် ၇၃.၃ ရာခိုင်နှုန်း တိုးလာကြောင်း သိရပါသည်။