ကိယက်ဗ်နှင့် တခြားနေရာများကို ရုရှားမှ တိုက်ခိုက်မှုကြောင့် လူ ၃၉ ဦး သေဆုံးခဲ့သည်ဟု ယူကရိန်းဆို

(GMT+08:00)2023-12-31 13:06:05  

 ယူကရိန်းမြို့တော်ကိယက်ဗ်နှင့် အခြားနေရာများသည် ယခုလ ၂၉ ရက်နေ့က ရုရှားမှ ဒုံးကျည်များနှင့် ဒရုန်းများဖြင့် တိုက်ခိုက်မှုခံခဲ့ရပြီး လက်ရှိအချိန်တွင် လူ ၃၉ ဦးထက်မနည်း သေဆုံးပြီး ၁၅၉ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ယူကရိန်းသမ္မတ Zelenskiy က ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။  ရုရှားဘက်သည် ၄င်းနှင့်ပတ်သက်ပြီး တရားဝင်ထုတ်ပြန်ချက် မရှိသေးကြောင်း သိရပါသည်။