ဂြိုဟ်တု အင်တာနက် နည်းပညာ စမ်းသပ် ဂြိုဟ်တုကို အောင်မြင်စွာ လွှတ်တင်ခဲ့ပြီး Long March သယ်ဆောင် ဒုံးပျံ စီးရီး၏ ၂၀၂၃ခုနှစ် မစ်ရှင်များ ပြီးမြောက်

(GMT+08:00)2023-12-31 13:05:05  

ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက် ၈ နာရီ ၁၃ မိနစ်က တရုတ်နိုင်ငံ ဂျူချွမ် ဂြိုဟ်တု လွှတ်တင်ရေး စခန်းတွင် Long March 2C သယ်ဆောင် ဒုံးပျံဖြင့် ဂြိုဟ်တု အင်တာနက် နည်းပညာ စမ်းသပ် ဂြိုဟ်တုကို အောင်မြင်စွာ လွှတ်တင်ခဲ့ပြီး Long March သယ်ဆောင် ဒုံးပျံ စီးရီး၏ ၂၀၂၃ခုနှစ် မစ်ရှင်များ ဤသို့ဖြင့် ပြီးမြောက်သွားသည်။ ယခုနှစ်အတွင်း တရုတ် အာကာသလုပ်ငန်းသည် အကြိမ်ပေါင်း ၆၀ ကျော်နှင့် အာကာသယာဉ် ၂၀၀ ကျော်ကို လွှတ်တင်ခဲ့ပြီး လက်ရှိအချိန်အထိ Long March သယ်ဆောင် ဒုံးပျံ စီးရီးကို အကြိမ်ပေါင်း ၅၀၀ ကျော် လွှတ်တင်နေပြီဖြစ်ကြောင်း၊ ၎င်းတို့အနက် Long March 2D သယ်ဆောင် ဒုံးပျံဖြင့် ဂြိုဟ်တု ၄၁ လုံးကို တစ်ခါတည်း လွှတ်တင်ခဲ့ပြီး တရုတ် အာကာသလုပ်ငန်း တစ်ကြိမ်တည်းဖြင့် လွှတ်တင်သော ဂြိုဟ်တု အရေအတွက် အများဆုံး စံချိန်သစ်တစ်ခု တင်ခဲ့ကြောင်း သိရပါသည်။