ဆောင်းရာသီအေးချမ်းမှုသည် စိတ်အားထက်သန်မှုကို ရပ်တန့်မည်မဟုတ်

(GMT+08:00)2023-12-31 13:14:31  

တရုတ်နှစ်သစ်ကူးရုံးပိတ်ရက်များတွင် ခရီးသည်များ ခရီးသွားလာမှု အားကောင်း နေပြီး အထူးသဖြင့် အရှေ့မြောက်ပိုင်းဒေသတွင် ရေခဲနှင့် ဆီးနှင်းခရီးသွားလုပ်ငန်းမှ တွန်းအားပေးမှုကြောင့် နိုင်ဝင်ဘာလတစ်လအတွင်း Hei long jiang ပြည်နယ်တွင် ပြည်တွင်းပြည်ပ ခရီးသည် ၂၇.၅၇၃ သန်းကို လက်ခံပြီး ယမန်နှစ်အလားတူ အချိန်ပိုင်း ကထက် ၂၇၅.၇ ရာခိုင်နှုန်း တိုးလာကာ၊ ခရီးသွားလုပ်ငန်းဝင်ငွေမှာ ယွမ် ၃၉.၂၁ ဘီလီယံဖြစ်ပြီး ၇၆၇.၅ ရာခိုင်နှုန်း တိုးလာခဲ့သဖြင့် ယခုနှစ် တစ်ပြည်လုံးတွင် ရေပန်းအစားဆုံး ရေခဲနှင့် ဆီးနှင်းခရီးသွားနေရာ ဖြစ်လာခဲ့သည်။ နှစ်သစ်ကူး ရုံးပိတ်ရက် များတွင် မှာယူမှုပမာဏသည် ယမန်နှစ်အလားတူအချိန်ပိုင်းကထက် ရာခိုင်နှုန်း ၄၉၀ တိုးလာခဲ့သည်ဟု သတင်းအရသိရပါသည်။