ဆူဒန်၏ လက်နက်ကိုင်ပဋိပက္ခကြောင့် လူ ၇.၃၇ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရဟု နိုင်ငံတကာရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ IOM မှ ဖော်ပြ

(GMT+08:00)2023-12-31 13:02:37  

ဒေသစံတော်ချိန် ယခုလ ၃၀ ရက်နေ့က နိုင်ငံတကာရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ IOM မှ အစီရင်ခံစာ ထုတ်ပြန်ခဲ့ရာ၊ ဆူဒန်နိုင်ငံ၌ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားခဲ့ပြီး နောက်တွင် နိုင်ငံအတွင်း လူပေါင်း ၇.၃၇ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း၊ ၎င်းတို့အနက် ၅.၈၅ သန်းကျော်သည် ဆူဒန်၌ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး၊ ၁.၅၂ သန်းခန့်သည် နယ်စပ်ဖြတ်ကျော်၍ ဗဟိုအာဖရိကသမ္မတနိုင်ငံ၊ ချဒ်နှင့် အီဂျစ်စသည့် အိမ်နီးချင်းနိုင်ငံများ သို့ ဝင်ရောက်ခိုလှုံနေကြကြောင်း၊ အိုးမဲ့အိမ်မဲ့ဖြစ်သူများ လက်ရှိ ကြုံတွေ့နေရသော အရေးပေါ်လိုအပ်ချက်မှာ စားနပ်ရိက္ခာနှင့် ကျန်းမာရေးဝန်ဆောင်မှုများဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။