ယူကရိန်းအကျပ်အတည်းဆိုင်ရာဘက်အသီးသီးအား အပစ်အခတ်ရပ်စဲပြီး စစ်ပွဲကို အမြန်ဆုံးအဆုံးသတ်ရန် တရုတ်နိုင်ငံက ပန်ကြား

(GMT+08:00)2023-12-31 13:16:52  

ဒေသစံတော်ချိန် ဒီဇင်ဘာလ ၃၀ ရက်နေ့က ကုလသမဂ္ဂဆိုင်ရာ တရုတ် ဒုတိယအမြဲတမ်းကိုယ်စားလှယ် ကင်ရွှမ် က ယူကရိန်းအရေးနှင့်ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အရေးပေါ်စိစစ်မှုတွင် မိန့်ခွန်းပြောကြားပြီး ယူကရိန်းအကျပ်အတည်းဆိုင်ရာဘက်အသီးသီးအား အပစ်အခတ်ရပ်စဲရန်နှင့် စစ်ပွဲကို အမြန်ဆုံးအဆုံးသတ်ရန် ပန်ကြားခဲ့သည်။

ကင်ရွှမ်က ငြိမ်းချမ်းရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်း၏ တောင်းဆိုချက်များကို တက်ကြွစွာ တုံ့ပြန်ရန်၊ အဆက်အသွယ်များ အားကောင်းစေရန်၊ သဘောတူညီမှုများ စုဆောင်းရန်နှင့် အပစ်အခတ်ကို အမြန်ဆုံးရပ်စဲရန်နှင့် စစ်ပွဲကို အမြန်ဆုံးအဆုံးသတ်ရန် သက်ဆိုင်ရာဘက်အသီးသီးအား တရုတ်နိုင်ငံက ထပ်မံတောင်းဆိုထားကြောင်း ၊ တရုတ်နိုင်ငံသည် သက်ဆိုင်ရာဘက်အသီးသီးအား ၎င်းတို့၏ သဘောထားကို အရေးတကြီးတိုးမြှင့်ရန်၊ သံတမန်ရေးအရ ဖျန်ဖြေမှုကို တိုးမြှင့်ရန်နှင့် အကျပ်အတည်းကို  နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းနိုင်စေရေးအတွက် အခြေအနေကောင်းများ ဖန်တီးရန် တရုတ်နိုင်ငံက ထပ်မံ တောင်းဆိုထားကြောင်း၊ တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေးနှင့် တွေ့ဆုံဆွေးနွေးရေးဘက်တွင် ဆက်လက်ရပ်တည်သွားမည်ဖြစ်ပြီး ငြိမ်းချမ်းရေးနှင့် ဆွေးနွေးပွဲများကို မြှင့်တင်သွားရန် အားဖြည့်ဆောင်ရွက်မည်ဖြစ်ကာ ယူကရိန်းအကျပ်အတည်းအား နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရေးအတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်မည်ဖြစ်ကြောင်း ပြောကြားပါသည်။