တူရကီရေငုပ်သမားများသည် Aegean ပင်လယ် မွေးမြူရေးခြံမှ တူနာငါးများ ဖမ်းယူ

(GMT+08:00)2023-12-30 13:57:37  

  

  ယခုလ ၂၈ ရက်နေ့က တူရကီနိုင်ငံ Izmir မြို့ရှိ  Aegean ပင်လယ် ငါးမွေးမြူရေးခြံ တစ်ခုတွင် ရေငုပ်သမားများမှ ဖမ်းယူခဲ့သော တူနာငါးများကို ဂျပန်ငါးဖမ်းလှေပေါ်သို့ တင်ဆောင်နေခဲ့သည်။ တူရကီငါးဖမ်းသူများသည် နှစ်စဉ် ဧပြီမှ မေလအထိ မြေထဲပင်လယ် သို့သွားပြီး တူနာငါးများဖမ်းယူကာ Aegean ပင်လယ် မွေးမြူရေးခြံသို့ သယ်ဆောင် မွေးမြူလေ့ ရှိသည်။ အသေးစားမွေးမြူရေးခြံမှ ထုတ်လုပ်မှုစွမ်းရည်မှာ နှစ်စဉ် တန်ချိန် ၂၅၀ မှ ၃၀၀ အထိ ရှိပြီး အကြီးစားမွေးမြူရေးခြံမှ ထုတ်လုပ်မှု စွမ်းရည်မှာ နှစ်စဉ် တန်ချိန် ၁၀၀၀ ကျော်နိုင်သည်ဟု သိရပါသည်။