မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို တရုတ်နိုင်ငံက အမြဲတမ်း ပြတ်သားစွာ ထောက်ခံသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆို

(GMT+08:00)2023-12-30 13:53:18  

 

ဒီဇင်ဘာလ ၂၉ ရက်နေ့က တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင်က ပုံမှန်သတင်းစာရှင်းလင်းပွဲ ကြီးမှူးကျင်းပခဲ့ရာ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ အခြေအနေနှင့်ပတ်သက်ပြီး သတင်းထောက်တစ်ဦး၏ မေးခွန်းချက်ကို ဖြေကြားခဲ့သည်။

  မော်နင်က မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့်ပတ်သက်ပြီး တရုတ်နိုင်ငံ၏ ရပ်တည်ချက်သည် အမြဲတမ်း လွန်စွာ ပြတ်သားကြောင်း၊ မိမိတို့သည် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အမြဲတမ်း ပြတ်ပြတ်သားသား ထောက်ခံပြီး မြန်မာနိုင်ငံ ဘက်အသီးသီးတို့ ထိတွေ့ဆွေးနွေးရန်၊ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်ရေး အရှိန်ကို ထိန်းသိမ်းရန် အမြဲတမ်း တွန်းအားပေးကြောင်း၊ မိမိတို့သည် မည်သည့် ဘက်တစ်ဖက်မဆို ရန်စ လှုံ့ဆော်မှုကို ထောက်ခံမှာ မဟုတ်ဟု ယခင်ကလည်း ရှင်းလင်းပြောကြားခဲ့ကြောင်း ပြောဆိုခဲ့သည်။

   မော်နင်က လက်ရှိအခြေအနေနှင့်ပတ်သက်ပြီး ဘက်အသီးသီးတို့အနေနှင့် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်ရေး အရှိန်ကို ထိန်းသိမ်းထားနိုင်ရန် မျှော်လင့်ကြောင်း၊ ယင်းသည် မြန်မာနိုင်ငံ ဘက်အသီးသီးတို့၏ အကျိုးစီးပွားနှင့် ကိုက်ညီပြီး တရုတ်-မြန်မာ နယ်စပ်ဒေသ ငြိမ်းချမ်းရေး ထိန်းသိမ်းကာကွယ်ပေးရန်အတွက်လည်း အကျိုးရှိကြောင်း၊ ဘက်အသီးသီးတို့အနေနှင့် ရရှိပြီးသား သဘောတူညီမှုကို အကောင်အထည်ဖော်ဆောင်ပြီး ကိုယ့်ကိုယ်ကို ထိန်းကာ လက်ရှိအခြေအနေကို ဖြေလျှော့၍ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသအခြေအနေ ပြေလည်စေရန် တန်းအားပေးဖို့ မျှော်လင့်ကြောင်း၊ ယင်းသည် တရုတ်ပြည်ဘက်၏ အစဉ်တစိုက်သော ရပ်တည်ချက်ဖြစ်ပြီး မိမိတို့သည် ယင်းအတွက် ထောက်ပံ့ကူညီပေးလိုပါကြောင်း ပြောကြားခဲ့သည်။