အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Blinken သည် ကန်ဒေါ်လာ ၁၄၇.၅ သန်း တန်ဖိုးရှိသော လက်နက်ပစ္စည်းများကို အစ္စရေးသို့ ရောင်းချရန် အတည်ပြု

(GMT+08:00)2023-12-30 13:54:11  

 

ဒေသစံတော်ချိန် ဒီဇင်ဘာလ ၂၉ ရက်နေ့က အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Blinken သည် လွှတ်တော်မှ စိစစ်ရေးအစီအစဉ်ကို ရှောင်ပြီး M107 155mm အမြောက်ကျည်များအပါအဝင် ကန်ဒေါ်လာ ၁၄၇.၅ သန်း တန်ဖိုးရှိသော လက်နက်ပစ္စည်းများကို အစ္စရေးသို့ ရောင်းချရန် အတည်ပြုခဲ့ကြောင်း ပြောကြားခဲ့သည်။

   Blinken သည် အစ္စရေးသို့ လက်နက်များကို ချက်ချင်း ရောင်းချရန် လိုအပ်သည့် အရေးပေါ် အခြေအနေ တစ်ရပ် ရှိနေကြောင်း ဆုံးဖြတ်ခြင်းဖြင့် လွှတ်တော်မှ စိစစ်ရေးအစီအစဉ်ကို ရှောင်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။