ရှင်းကျန်း Tumusuke အလံနီ စိုက်ပျိုးရေးခြံရှိ ဆားငန်အယ်ကာလီမြေပေါ်တွင် ပင်လယ်ငါးပုစွန် မွေးမြူခြင်းဖြင့် ချမ်းသာလာ

(GMT+08:00)2023-12-30 14:04:59  

ပင်လယ်နှင့် ဝေးကွာသော ရှင်ကျန်းတွင် ကောက်ပဲသီးနှံများ စိုက်ပျိုးလို့မရသော နွားနှင့်ဆိတ်များကိုလည်း မွေးမြူလို့ မရသော ဆားငန်အယ်ကာလီမြေများပေါ်တွင် ပင်လယ်ငါးပုစွန် မွေးမြူခြင်းဖြင့် ချမ်းသာလာပါသည်။ ရှင်းကျန်း Tumusuke အလံနီ စိုက်ပျိုးရေးခြံသည် ပင်လယ်ငါးပုစွန် မွေးမြူရေး ဖန်လုံအိမ် ၁၆ခုနှင့် တရုတ်ဧက ၁၀၀၀ရှိ လဟာပြင် ငါးကန်ကို တည်ဆောက်ထားသည်။ ယခုနှစ် လမုန့်ပွဲတော်တွင်ပင်  အလံနီ စိုက်ပျိုးရေးခြံသည် တီလားပီးယားငါးနှင့် ဗန်နာမီပုစွန်များ တန်ချိန် ၁၈၀ ခန့် ရောင်းချခဲ့သည်။