လောက်ကိုင်တွင် ပုန်းအောင်းနေသော ဆက်သွယ်ရေးလိမ်လည်မှုကျူးလွန်သည့်တရုတ်နိုင်ငံသားများအား တရုတ်နိုင်ငံသို့ အမြန်ဆုံးပြန်လာပြီး အပြစ်ဝန်ခံကာ အဖမ်းခံရန်နှင့် သက်ညှာခွင့် ရရှိနိုင်ရန် ကြိုးပမ်းဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပန်ကြား

(GMT+08:00)2023-12-30 13:56:38  

  

ဒီဇင်ဘာလ ၂၉ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင် က ပုံမှန် သတင်းစာရှင်းလင်းပွဲကို ကြီးမှူးကျင်းပခဲ့သည်။ မြန်မာနိုင်ငံ ကိုးကန့် လောက်ကိုင်၌ ပုန်းအောင်းနေသူများသည် ဆက်သွယ်ရေးလိမ်လည်မှုတွင် ပါဝင်နိုင်ခြေများပြီး ၎င်းတို့အပေါ် မည်သို့ အရေးယူမည်နည်းဟု သတင်းထောက်တစ်ဦးက မေးမြန်းခဲ့သည်။

မော်နင်က လောက်ကိုင်တွင် ပုန်းအောင်းနေသော ဆက်သွယ်ရေးလိမ်လည်မှု ကျူးလွန်သည့် တရုတ်နိုင်ငံသားများအား တရုတ်နိုင်ငံသို့ အမြန်ဆုံးပြန်လာပြီး အပြစ်ဝန်ခံကာ အဖမ်းခံရန်နှင့်  သက်ညှာခွင့် ရရှိနိုင်ရန် ကြိုးပမ်းဖို့  ပန်ကြားကြောင်း ပြောကြားပါသည်။