ယခုအကြိမ် အစည်းအဝေးတွင် တရုတ်နိုင်ငံ သံတမန်ရေးလုပ်ငန်း၏ ဦးတည်ချက်ကို ပြသထားသည်

(GMT+08:00)2023-12-30 13:52:12  

တရုတ် ဗဟိုနိုင်ငံခြားရေးလုပ်ငန်း အစည်းအဝေးကို မကြာမီက ဘေကျင်း၌ ကျင်းပ ခဲ့ပါသည်။ ကမ္ဘာ့အခြေအနေ ရှုပ်ထွေးပွေလီ ဖြစ်နေပြီး တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးသည် ရှုပ်ထွေးပြီး တင်းမာသော ပြင်ပ ပတ်ဝန်းကျင်နှင့် ရင်ဆိုင် နေရသည့် ခုလို အခြေအနေမျိုးတွင် တရုတ်နိုင်ငံ၏ သံတမန်ရေးလုပ်ငန်းသည် မည်သို့သော ဦးတည်ချက်အတိုင်း လျှောက်လှမ်းသွားမည်နည်း။ ယခုအကြိမ် အစည်းအဝေးတွင် အဖြေ ပေးလိုက်ပါသည်။

ယခုအကြိမ် အစည်းအဝေးတွင် ကမ္ဘာကြီး၏ အလားအလာနှင့် ပတ်သက်ပြီး လူသားများ ဖွံ့ဖြိုးတိုးတက်ခြင်း၏ အခြေခံ ဦးတည်ချက် ပြောင်းလဲမည် မဟုတ်ကြောင်း၊ ကမ္ဘာ့သမိုင်း၏ ကွေ့ကောက်စွာ တိုးတက်ခြင်း၏ အခြေခံ လော့ဂျစ် ပြောင်းလဲမည် မဟုတ်ကြောင်း၊ နိုင်ငံတကာ မိသားစုကြီး၏ အေးအတူပူအမျှ အခြေခံ အလားအလာ ပြောင်းလဲမည် မဟုတ်ကြောင်း အကဲဖြတ် ဖော်ပြထားပါသည်။ ယင်း ပြောင်းလဲမည် မဟုတ်ကြောင်း သုံးရပ်သည် ကမ္ဘာကြီးအား ယုံကြည်စိတ်ကို ပေးကမ်းနေသည်။ လူသား ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ခြင်း ဖြစ်သည့် ရည်မှန်းချက်အတိုင်း ယုံကြည်စိတ်ရှိရှိဖြင့် တစ်လှေတည်းစီး တစ်ခရီးတည်းသွား၍ မှန်ကန်သော ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းအတိုင်း လျှောက်လှမ်းပါက လက်ရှိ အခက်အခဲများကို ကျော်လွှားပြီး တိုးတက်နိုင်ပါ့မည် ဖြစ်ပါသည်။

ယခုအကြိမ် အစည်းအဝေးတွင် အဆိုပြုချက် နှစ်ရပ်ကိုလည်း ဖော်ပြခဲ့ပြီး တန်းတူညီမျှ၍ စနစ်ကျတဲ့ ဗဟုဝင်ရိုးကမ္ဘာနှင့် ကျယ်ကျယ်ပြန့်ပြန့်အကျိုးပြုပြီး အားလုံးပါဝင်မှုရှိတဲ့ စီးပွားရေးဂလိုဘယ်လိုက်ဇေးရှင်းကို အဆိုပြုခဲ့ပါသည်။ ယင်းသည် မျက်မှောက် ကမ္ဘာကြီးတွင် ရင်ဆိုင်နေရသော ပြဿနာနှင့် စိန်ခေါ်မှုများ  ဖြေရှင်းရန်အတွက် တရုတ်နည်းလမ်းကို ပေးကမ်းပါသည်။

ကမ္ဘာကြီး ကောင်းမှ တရုတ်ပြည် ကောင်းနိုင်မည် ဖြစ်ပြီး တရုတ်ပြည် ကောင်းမှ ကမ္ဘာကြီး ပိုမို ကောင်းမည်ပင် ဖြစ်သည်။ တရုတ်နိုင်ငံသည် နိုင်ငံတကာ စီမံခန့်ခွဲမှု ပိုမို ကောင်းမွန်စေရန်၊ ကမ္ဘာ့ငြိမ်းချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ထိန်းသိမ်းကာကွယ်ရန်အတွက် ပိုမို အရေးကြီး အကျိုးပြုစွမ်းဆောင်မှုများ ပြုလုပ်သွားမည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။