တရုတ်-ကန်တပ်မတော်နှစ်ရပ်အကြား ဗီဒီယိုပုံစံဖြင့် ဆက်သွယ်ခဲ့ရာ အပြုသဘောဆောင် သော အောင်မြင်မှုများ ရရှိခဲ့သည်ဟု တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ဆို

(GMT+08:00)2023-12-29 11:29:26  

ဒီဇင်ဘာလ ၂၈ရက်နေ့ ညနေပိုင်းက ကျင်းပခဲ့သော တရုတ်ကာကွယ်ရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ်ကာကွယ်ရေးဝန်ကြီးဌာန သတင်းရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အထက်တန်း ဗိုလ်မှူးကြီး ဦးချမ် က သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာ၌ လွန်ခဲ့သည့်လတွင် တရုတ်-အမေရိကန်ထိပ်သီးခေါင်းဆောင်များသည် ဆန်ဖရန်စစ္စကိုမြို့၌ တွေ့ဆုံရာတွင် တန်းတူညီမျှပြီး တစ်ဦးကိုတစ်ဦးကလေးစားသည့်အခြေခံပေါ်၌ တပ်မတော်နှစ်ရပ် အကြား အဆင့်မြင့်ဆက်သွယ်ခြင်း၊ တရုတ်-အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနများ အကြား အလုပ်သဘောတွေ့ဆုံပွဲ၊ တရုတ်-အမေရိကန်ပင်လယ်ပြင်စစ်ရေးလုံခြုံမှု ညှိနှိုင်း ဆွေးနွေးရေးစနစ်အစည်းအဝေးတို့ကို ပြန်လည်စတင်ရန် တညီတညွတ်တည်းသဘောတူ ခဲ့ကြကြောင်း၊ ဒီဇင်ဘာလ ၂၁ရက်နေ့ ညက တရုတ်ဗဟိုစစ်ရေးကော်မရှင်အဖွဲ့ဝင်၊ ဗဟိုစစ်ရေး ကော်မရှင် ပူးတွဲစစ်ဦးစီးဌာန စစ်ဦးစီးချုပ် လျိုဇိန့်လိ သည် အမေရိကန်တပ်မတော် ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဋ္ဌ(Chairman of the Joint Chiefs of Staff) Charles Q. Brown နှင့် ဗီဒီယိုပုံစံဖြင့် ဆက်သွယ်ခဲ့ရာ နှစ်နိုင်ငံထိပ်သီးခေါင်းဆောင်များမှ ဆန်ဖရန်စစ္စကိုမြို့တွင် တွေ့ဆုံရာ၌ ရရှိခဲ့သည့် စစ်ရေးဆိုင်ရာ အရေးကြီးသဘောတူညီမှုများ အကောင်အထည်ဖော်ရေး၊ အတူတကွအလေးထားကြသော ပြဿနာများနှင့် ပတ်သက်၍ ပွင့်လင်းနက်ရှိုင်းစွာ အမြင်ချင်းဖလှယ်ပြီး အပြုသဘောဆောင်သော အောင်မြင်မှုများရရှိခဲ့ကြောင်း၊ လာမည့်အချိန်ကာလတွင် အမေရိကန်နိုင်ငံအား တရုတ်နိုင်ငံနှင့်အတူ တူညီသော ရည်ရွယ်ချက်အတိုင်း တန်းတူညီမျှပြီး တစ်ဦးကိုတစ်ဦးက အလေးထားသည့် အခြေခံပေါ်တွင် တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေး ခြေလှမ်းမှန်မှန်ဖြင့် ဖွံ့ဖြိုးတိုးတက်နိုင်အောင် ထိရောက်စွာ တွန်းအားပေးရန် မျှော်လင့်ကြောင်း၊ အသေးစိတ် ကူးလူးဆက်ဆံရေးစီမံကိန်းများနှင့်ပတ်သက်ပြီး နှစ်နိုင်ငံ ကာကွယ်ရေး ဌာနများသည် ညှိနှိုင်းဆွေးနွေးနေကြပြီး သင့်လျှော်သောအချိန်တွင် သတင်းထုတ်ပြန်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။