EH216-S မောင်းသူမဲ့ ခရီးသည်တင်လေယာဉ်သည် ကွမ်ကျိုးမြို့၌ ကမ္ဘာ့ပထမဆုံး စီးပွားဖြစ် ပျံသန်းမှုကို ပြသ

(GMT+08:00)2023-12-29 13:19:29  

ဒီဇင်ဘာလ ၂၈ရက်နေ့က Sino-Singapore Guangzhou Knowledge City၏ ကောင်းကင်ယံ၌ မောင်းသူမဲ့ ခရီးသည်တင်လေယာဉ်တစ်စင်း ပျံသန်းနေပါသည်။ ယင်းသည် EH216-S မောင်းသူမဲ့ ခရီးသည်တင်လေယာဉ်၏ ကမ္ဘာ့ပထမဆုံး စီးပွားဖြစ် ပျံသန်းမှုဖြစ်ပြီး ကမ္ဘာပေါ်တွင် ပထဆုံး  “Air Taxi”ဖြင့် ခရီးထွက်ခြင်းဖြစ်ကြောင်း၊ “ကောင်းကင်မြို့ပြ”၏စိတ်ကူးယဉ် အိပ်မက် လက်တွေ့ဖြစ်အောင် ကွမ်ကျိုးမြို့၌ ပိုမိုလျင်မြန်စွာ ဆောင်ရွက်နေပါသည်။

အဆိုပါ လေယာဉ်သည် အကြိမ် ၄သောင်း ၂ထောင်ကျော် ဘေးကင်းစွာ ပျံသန်းခဲ့ပြီဖြစ်ပြီး အမြင့်ဆုံးမြန်နှုန်းသည် တစ်နာရီလျှင် ကီလိုမီတာ ၁၃၀ရှိကြောင်း၊ လေယာဉ်ပေါ်တွင် မောင်းသူမလိုသည့်အပြင် ခရီးသည် ကိုယ်တိုင်လည်း မောင်းနှင်ရန် မလိုကြောင်း၊ ပျံသန်းမှုလေကြောင်းလိုင်းကို ကြိုတင်သတ်မှတ်ထားပြီး ဖြစ်ကြောင်း၊ ပျံသန်းရေးအော်ဒါကိုလက်ခံဆောင်ရွက်ပြီး ဦးတည်ရာနေရာကို ရွေးချယ်ကာ လေယာဉ်သည် သတ်မှတ်ထားသော လေကြောင်းလိုင်းအတိုင်း အလိုအလျောက် ပျံသန်းသွားရောက်မည်ဖြစ်ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။