တရုတ် ဗဟို နိုင်ငံခြားရေး လုပ်ငန်း အစည်းအဝေး ဘေကျင်းတွင် ကျင်းပပြီး ရှီကျင့်ဖိန်သည် အရေးကြီး မိန့်ခွန်းပြောကြား

(GMT+08:00)2023-12-29 16:08:57  

တရုတ် ဗဟို နိုင်ငံခြားရေး လုပ်ငန်း အစည်းအဝေးကို ယခုလ ၂၇ရက်နေ့မှ ၂၈ရက်နေ့အထိ ဘေကျင်းတွင် ကျင်းပခဲ့ပါသည်။ တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် သမ္မတ၊ ဗဟို စစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အစည်းအဝေးသို့ တက်ရောက်ပြီး အရေးကြီး မိန့်ခွန်းပြောကြားခဲ့ပါသည်။

ရှီကျင့်ဖိန်သည် ခေတ်ကာလသစ်တွင် တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော နိုင်ငံကြီး သံတမန်ရေး၏ သမိုင်းဝင် အောင်မြင်မှုများနှင့် အဖိုးတန်သော အတွေ့အကြုံများကို စုပေါင်း သုံးသပ်ပြီး ခရီးစဉ်သစ်တွင် နိုင်ငံခြားရေး လုပ်ငန်း ရင်ဆိုင်နေရသော နိုင်ငံတကာ အခြေအနေနှင့် ထမ်းဆောင်ရသည့် သမိုင်းပေး တာဝန်များကို နက်ရှိုင်းစွာ ရှင်းလင်းပြောကြားကာ လက်ရှိအချိန်နှင့် လာမည့် အဆင့်ကာလ တစ်ခုတွင် နိုင်ငံခြားရေး လုပ်ငန်းကို ဘက်စုံ စီစဉ်ပေးခဲ့ပါသည်။