တရုတ်ကုမ္ပဏီများက လျှပ်စစ်ဓာတ်အား"Bright Network" တည်ဆောက်ရန် ထိုင်းနိုင်ငံ အား အကူအညီပေး

(GMT+08:00)2023-12-29 13:20:38  

“တစ်နှစ်မှာ အကြိမ်ပေါင်းများစွာ ဓာတ်အားပြတ်တောက်ပြီး အထူးသဖြင့် မိုးရာသီမှာ  တစ်ခါတလေ တစ်နေ့တာလုံး မီးပြတ်သွားတတ်ပါတယ်”ဟု အသက် ၃၆ နှစ်အရွယ်ရှိ ထိုင်းနိုင်ငံ Nakhon Si Thammarat ပြည်နယ် Tung Song ခရိုင်နေထိုင်သူ Suppaporn Laninက သတင်းထောက်အား ပြောခဲ့ပါသည်။ သူမအနေနှင့် တရုတ်ကုမ္ပဏီမှ တည်ဆောက်ထားသော လျှပ်စစ်ဓာတ်အားပေးလိုင်းများကို တတ်နိုင်သမျှ ဆောလျင်စွာ အသုံးပြုနိုင်ရန်  မျှော်လင့်ထားပါသည်။

Tung Song-Songkhla ပရောဂျက်သည်  ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ပထမဆုံး 500 kV သွယ်တန်းသည့်လိုင်းဖြစ်ပြီး တရုတ် Henan Power Transmission and Transformation Construction Co., Ltd. မှ တည်ဆောက်ပြီး ထိုင်းနိုင်ငံ တောင်ပိုင်းရှိ Nakhon Si Thammarat နှင့် Phathalung ပြည်နယ်များကို ဖြတ်သန်းကာ စုစုပေါင်း အရှည် 105 ကီလိုမီတာဖြစ်သည်ဟု ဆင်ဟွာသတင်းအရသိရပါသည်။