ရှီကျင့်ဖိန်သည် ၂၀၂၃ ခုနှစ် နိုင်ငံခြား တရုတ်သံအမတ်ကြီးများ လုပ်ငန်းအစည်းအဝေးသို့ တက်ရောက်လာကြသည့် သံအမတ်ကြီးများနှင့် တွေ့ဆုံပြီး မိန့်ခွန်း ပြောကြား

(GMT+08:00)2023-12-29 21:28:45  

    

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဒီဇင်ဘာလ ၂၉ ရက်နေ့က ဘေကျင်း ပြည်သူ့ခန်းမဆောင်ကြီး၌ ၂၀၂၃ ခုနှစ် နိုင်ငံခြား တရုတ်သံအမတ်ကြီးများ လုပ်ငန်းအစည်းအဝေးသို့ တက်ရောက်လာကြသည့် သံအမတ်ကြီးများနှင့် တွေ့ဆုံပြီး မိန့်ခွန်း ပြောကြားခဲ့ပါသည်။

    ရှီကျင့်ဖိန်သည် ခေတ်သစ်တွင် သံတမန်ရေးလုပ်ငန်းများတွင် ရရှိခဲ့သည့် အရေးကြီး အောင်မြင်မှုများကို အသိအမှတ်ပြုခဲ့ပြီး သံအမတ်ကြီးများ အနေနှင့် အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာ ကိုယ်စာလှယ်များ ညီလာခံနှင့် ဗဟို နိုင်ငံခြားရေး လုပ်ငန်း အစည်းအဝေး၏ ရည်မှန်းချက် အကြောင်းအရာများကို နက်ရှိုင်းစွာ လေ့လာ ဖော်ဆောင်ရန်၊ ခေတ်သစ်တွင် တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ် အတွေးအခေါ် အထူးသဖြင့် သံတမန်ရေး အတွေးအခေါ်များကို နက်ရှိုင်းစွာ လေ့လာ ဖော်ဆောင်ရန်၊ ခေတ်သစ် ခရီးစဉ်သစ်တွင် နိုင်ငံခြားရေး လုပ်ငန်းတွင် ရင်ဆိုင် နေရသော နိုင်ငံတကာ ပတ်ဝန်းကျင်နှင့် ထမ်းဆောင်နေရသော သမိုင်းပေးတာဝန်များကို မှန်ကန်စွာ နားလည်သိရှိရန်၊ လူသားကံကြမ္မာတူ အသိုက်အဝန်း အလံကို ကိုင်ဆောင်ပြီး တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော နိုင်ငံကြီး သံတမန်ရေးလုပ်ငန်း၏ အခန်းကဏ္ဍသစ်ကို အဆက်မပြတ် ဖွင့်လှစ်ရန် မှာကြား ပြောဆိုခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။