ရှီကျင့်ဖိန်သည် တရုတ်ဆေးဘက်ဆိုင်ရာအဖွဲ့များ နိုင်ငံခြားသို့အကူအညီပေးရေး စေလွှတ်ခြင်း နှစ်၆၀ပြည့်အထိမ်းအမှတ်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်

(GMT+08:00)2023-12-29 16:51:00  

တရုတ်နိုင်ငံ၏ ဆေးဘက်ဆိုင်ရာအဖွဲ့များ နိုင်ငံခြားသို့ အကူအညီပေးရေး စေလွှတ်ခဲ့သည့် အနှစ်၆၀ပြည့် အထိမ်းအမှတ်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၉ရက်နေ့တွင် ဘေကျင်းမြို့၌ ကျင်းပပါသည်။ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် အခမ်းအနားသို့ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များနှင့် ခင်မင်ရင်းနှီးစွာ တွေ့ဆုံပြီး ၄င်းတို့အား ဂုဏ်ပြုထောမနာပြုသည့်အပြင် နိုင်ငံခြားသို့ အကူအညီပေးရေး ဆေးဘက်ဆိုင်ရာတာဝန်များ ထမ်းဆောင်လျက်ရှိသောပုဂ္ဂိုလ်များနှင့် ထမ်းဆောင်ခဲ့သည့် ပုဂ္ဂိုလ်များအား နှစ်သိမ့်အားပေးကြောင်း ဖော်ပြပါသည်။
    အခမ်းအနားတွင် တရုတ်နိုင်ငံ၏ နိုင်ငံခြားသို့ အကူအညီပေးရေး စေလွှတ်သည့် ဆေးဘက် ဆိုင်ရာအဖွဲ့ပေါင်း ၃၀နှင့်  ဝန်ထမ်း အယောက် ၆၀တို့ကို ဆုချီးမြှင့်ပါသည်။ ဆုရရှိကြသည့် ကိုယ်စားလှယ်များမှလည်း အသီးသီး မိန့်ခွန်း ပြောကြားခဲ့ ပါသည်။