အစ္စရေးသည် စစ်ဆင်ရေးသက်တမ်းတိုးရန်အတွက် နိုင်ငံတော်ကာကွယ်ရေးဘတ်ဂျက်ကို တိုးမြှင့်

(GMT+08:00)2023-12-29 13:18:41  

အစ္စရေးမှ ဟားမတ်စ် အဖွဲ့အား စစ်ဆင်မှုများ ဆက်တိုက်ဆောင်ရွက်လာသည်နှင့်အမျှ ၂၀၂၄ခုနှစ်တွင် အစ္စရေးနိုင်ငံတော် ကာကွယ်ရေးဆိုင်ရာအသုံးစရိတ်သည် အမေရိကန်ဒေါ်လာ ၈.၃ဘီလီယံ ထက်မနည်း တိုးမြှင့်ရန် လိုအပ်သည်ဟု အစ္စရေးဘဏ္ဍာရေးဝန်ကြီး ဌာနမှ ဒီဇင်ဘာလ ၂၅ရက်နေ့က ခန့်မှန်းခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

အစ္စရေးဘဏ္ဍာရေးဝန်ကြီးဌာနသည် ၂၀၂၄ခုနှစ် ပထမ ၃လပတ်တွင် ပါလက်စတိုင်း ဂါဇာဒေသ၌ အစ္စရေး၏ အင်အားပြင်းထန်သော စစ်ဆင်မှုဆောင်ရွက်ပြီးစီးနိုင်၍ အဆိုပါကိန်းဂဏန်းကို ခန့်မှန်းခဲ့ခြင်းဖြစ်ကြောင်း၊ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က ဟားမတ်စ်အဖွဲ့ မပျက်စီးမခြင်း စစ်ဆင်ရေးဆောင်ရွက်မည်ဟု ကြိမ်ဖန်များစွာ အလေးထားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။