တောင်ကိုရီးယားသည် အမေရိကန်ထုတ် F-35A ကိုယ်ပျောက်တိုက်လေယာဉ် အစီး ၂၀ ကို ဝယ်ယူမည်

(GMT+08:00)2023-12-29 16:06:36  

ယခုလ ၂၇ရက်နေ့က တောင်ကိုရီးယား ကာကွယ်ရေး အေဂျင်စီမှ သတင်းအချက်အလက်အရ အမေရိကန် အစိုးရနှင့် ညှိနှိုင်းပြီးနောက် ယခုလ ၈ရက်နေ့က အမေရိကန်မှ F-35A ကိုယ်ပျောက်တိုက်လေယာဉ် အစီး ၂၀ ဝယ်ယူရန် စာချုပ် ချုပ်ဆိုပြီးဖြစ်ကြောင်း သတင်းအရ သိရပါသည်။

F-35A ကို အမေရိကန်လိုခ်ဟီတယ် မာတင်မှ  ဒီဇိုင်းထွင်ထုတ်လုပ်ထားပြီး အစိုးရအချင်းချင်း Foreign Military Sales (FMS) ဖြင့် ဝယ်ယူမည်ဖြစ်ကြောင်း၊ ကိုယ်ပျောက်တိုက်လေယာဉ် F-35A သည် ရန်သူ၏ဗဟိုတည်နေရာကို လျှို့ဝှက်တိုက်ခိုက်နိုင်ကြောင်း သိရပါသည်။