ယူကရိန်းအား အမေရိကန်မှ နောက်တစ်ကြိမ် စစ်ရေးပံ့ပိုးမှု ပေး

(GMT+08:00)2023-12-29 13:21:19  

ယူကရိန်းနိုင်ငံအား နောက်ထပ် အမေရိကန်ဒေါ်လာ သန်း ၂၅၀ ခန့် တန်ဖိုးရှိ စစ်ရေးပံ့ပိုးမှုပေးမည်ဟု အမေရိကန် အစိုးရမှ ယခုလ ၂၇ ရက်နေ့က ကြေညာခဲ့ပြီး တစ်ချိန်တည်းတွင် ယူကရိန်းအား ထောက်ပံ့ရေး ရန်ပုံငွေအသစ်ကို အတည်ပြုရန် လွှတ်တော်အား တိုက်တွန်းခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရပါသည်။

The Pentagon မှ ပြောရေးဆိုခွင့်ရှိသူ Galen Gahn က အထက်ဖော်ပြချက်ပါ စစ်ရေးပံ့ပိုးမှုများသည် "သမ္မတထုတ်ယူအသုံးပြုခွင့်အာဏာ" ကို အသုံးပြုပြီး၊ အမေရိကန် စစ်တပ်စာရင်းမှ လက်နက်နှင့် ကိရိယာများကို ယူကရိန်းအား ထောက်ပံ့ပေးမည် ဖြစ်ကာ၊ ယင်းထဲတွင် လေကြောင်းခဲယမ်းမီးကျောက်များ၊ လေယာဉ်ပစ် ခဲယမ်းမီးကျောက်များ၊ အမြောက်များ၊ သံချပ်ကာဖျက်စနစ်များ၊  ဖောက်ခွဲခြင်း ကိရိယာနှင့် ဆေးဘက်ဆိုင်ရာ ကိရိယာများ ပါဝင်ကြောင်း ထိုနေ့ထုတ်ကြေညာချက်တစ်ရပ်တွင် ဖော်ပြခဲ့ပါသည်။