ကန်သည် ယူကရိန်းထံသို့ ဒေါ်လာ သန်း ၂၅၀ တန်ဖိုးရှိ စစ်ရေးထောက်ပံ့မှုပေးမည်

(GMT+08:00)2023-12-28 16:34:14  

ဒီဇင်ဘာလ ၂၇ရက်နေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ကြေညာချက်တစ်ရပ်တွင် အမေရိကန်နိုင်ငံသည် ယူကရိန်းနိုင်ငံထံသို့ အမေရိကန်ဒေါ်လာ သန်း ၂၅၀ တန်ဖိုးရှိ စစ်ရေးထောက်ပံ့မှု နောက်ထပ်တစ်ကြိမ်ပေးမည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။ ယခုအကြိမ်စစ်ရေးထောက်ပံ့မှုသည် ၂၀၂၃ခုနှစ်တွင် အမေရိကန်နိုင်ငံ မှ ယူကရိန်းနိုင်ငံထံသို့ ထောက်ပံ့ပေးသော နောက်ဆုံးအသုတ် လက်နက်ကိရိယာများ ဖြစ်ကြောင်း သတင်းအရ သိရပါသည်။